ယာဂန်ကလော့ပ် မရှိတော့ရင် . . . 

ယာဂန်ကလော့ပ် မရှိတော့ရင် . . . 
Photos: Getty Images
Photos: Getty Images
Published 31 January 2024
Wai Yan Aung

ယာဂန်ကလော့ပ် မရှိတော့ရင် လီဗာပူးလ်အသင်းက ဖာဂူဆန် နည်းပြထိုင်ခုံပေါ်မှာ မရှိတော့တဲ့ မန်ယူအသင်းလို ဖြစ်သွားမှာလား။ ဒါက လီဗာပူးလ်ပရိသတ်အများစု စိုးရိမ်ကြတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ ယာဂန်ကလော့ပ်က လာမယ့်နွေရာသီမှာ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ အံ့အားသင့်ဖွယ် ကြေညာခဲ့တာကြောင့်ပါ။ လီဗာပူးလ်က အင်္ဂလန်ဘောလုံးလောကမှာ အစဉ်အလာကြီးမားတဲ့ ထိပ်သီးအသင်းတစ်သင်းဖြစ်ပြီးသားဆိုပေမဲ့ ယာဂန်ကလော့ပ်လက်ထက်မှာ ပိုမြင့်တဲ့အဆင့်တစ်ခုကို ရောက်ရှိလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ယာဂန်ကလော့ပ် ရောက်မလာခင် (၈)ရာသီဝန်းကျင်လောက်မှာ လိဂ်ဖလားတစ်လုံးသာ ရယူနိုင်ပြီး ယိမ်းယိုင်နေတဲ့ လီဗာပူးလ်အသင်းကို ယာဂန်ကလော့ပ်က အမြင့်ဆုံးအဆင့်ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့တာပါ။ လီဗာပူးလ်အသင်း မရဖူးသေးတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူပေးနိုင်ခဲ့တာကတော့ သူ့ရဲ့ အထက် မြက်ဆုံးစွမ်းဆောင်ချက်လို့ ဆိုရမှာပါပဲ။

 

Most Read

Most Recent