■ အာဖရိကနိုင်ငံများဖလား ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ အာဖရိကနိုင်ငံများဖလား ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 26 January 2024

အန်ဂိုလာ - နမီးဘီးယား (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၁၁:၃၀ နာရီ)

အန်ဂိုလာအသင်းက အုပ်စုအဆင့်မှာ မထင်မှတ်ဘဲ ပထမနေရာ ရခဲ့တယ်။ နမီးဘီးယားကလည်း တူနီးရှားကို နိုင်၊ မာလီကို သရေကစားပြီး နောက်တစ်ဆင့်တက်လာတာပါ။ နှစ်သင်း ခြေမကွာပေမဲ့ အန်ဂိုလာကို ပိုကြိုက်တယ်။



နိုင်ဂျီးရီးယား - ကင်မရွန်း (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၈ ရက် နံနက် ၂:၃၀ နာရီ)

ကစားသမားကောင်းတွေရှိတဲ့ နိုင်ဂျီးရီးယားတိုက်စစ်က တစ်ပွဲ တစ်ဂိုးနှုန်းပဲ သွင်းနိုင်နေတာ စိတ်ပျက်စရာပါ။ ကင်မရွန်းအသင်းမှာ အိုနာနာ၊ ဇမ်ဘို၊ အဘူဘာကာ၊ အီကမ်တို့ ရှိနေသေးပေမဲ့ အရင်လောက် အင်အားမတောင့်တင်းတော့ဘူး။ နိုင်ဂျီးရီးယားပဲ ကွာတားတက်ဖို့ များတယ်။

Most Read

Most Recent