■ ပယ်နယ်တီ ဘယ်လိုကန်မလဲ၊ ပယ်နယ်တီတွေရဲ့မာယာအကြောင်း     

■ ပယ်နယ်တီ ဘယ်လိုကန်မလဲ၊ ပယ်နယ်တီတွေရဲ့မာယာအကြောင်း     
Photo: Getty Images
Photo: Getty Images
Published 26 January 2024
AK

ပယ်နယ်တီဆိုတာ ကံတရားလို့ လူတွေက ခပ်လွယ်လွယ်တွေးကြတယ်။ ပြီးတော့ ပယ်နယ်တီဟာ ဘောလုံးပွဲရဲ့အငြင်းပွားဖွယ်ရာ အကောင်းဆုံး အစိတ်အပိုင်းလို့လည်းသတ်မှတ်ထားကြတယ်။ ပယ်နယ်တီ ရတဲ့အသင်းဟာ ဘယ်လိုအချိန်မျိုးမှာမဆို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရသင့်သင့်၊ မရသင့်သင့် ပျော်ရွှင်တတ်ကြတယ်။ ဂိုးဖြစ်နိုင်ခြေသိပ်များတဲ့ အခွင့်အရေးတစ်ခု ပိုင်ဆိုင်တာ မဟုတ်လား။ ပယ်နယ်တီပေးခံရတဲ့အသင်းက ဘယ်တော့မှ ကျေနပ်မှာမဟုတ်ဘူး။ ပေးသင့်လို့ ပေးရလည်း ဒေါသပုန်ထမယ် ကန့်ကွက်မယ်။ မပေးသင့်ရဘဲ ပေးလိုက်ရရင် ပိုပြီး စိတ်ပျက်စရာ ကောင်းနေပါလိမ့်မယ်။ VAR ခေတ်ရောက်လာလည်း ပယ်နယ်တီဖြစ်ရပ်တွေဟာ ငြင်းခုန်နေရတုန်းပဲ။ ဥပဒေအပြောင်းအလဲတွေကြားမှာ ဒိုင်တစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်ဟာ ပုံသေမဟုတ်ဘဲ အငြင်းပွားစရာဖြစ်နေတာတွေလည်း မြင်ရတယ်။

 

Most Read

Most Recent