■ ဂရင်းဝုဒ်အပါအဝင် ကစားသမားရောင်းထုတ်မှုများမှ ပေါင်သန်း (၁၀၀)အထိ ရှာဖွေရန် ဆာဂျင်ရက်ကလစ်ဖ် မျှော်လင့်နေ     

■ ဂရင်းဝုဒ်အပါအဝင် ကစားသမားရောင်းထုတ်မှုများမှ ပေါင်သန်း (၁၀၀)အထိ ရှာဖွေရန် ဆာဂျင်ရက်ကလစ်ဖ် မျှော်လင့်နေ     
Photo: Getty Images
Photo: Getty Images
Published 26 January 2024

မန်ယူအသင်း၏ ပူးတွဲပိုင်ရှင် တစ်ဦးဖြစ်လာမည့် ဆာဂျင်ရက်ကလစ်ဖ်သည် ဂီတာဖေးအသင်းထံသို့ အငှားချထားသည့် တိုက်စစ်ကစားသမား မေဆင်ဂရင်းဝုဒ်အပါအဝင် ကစားသမားရောင်းထုတ်မှုများမှ ပေါင်သန်း (၁၀၀) အထိ ရှာဖွေရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

    

မေဆင်ဂရင်းဝုဒ်သည် လူမှုရေးပြဿနာများကြောင့် မန်ယူအသင်းတွင် ဆက်လက်ကစားရန် အခက်အခဲများ ရှိခဲ့ပြီးနောက် ကလပ်အသင်းက အခြားအသင်းတစ်သင်းထံသို့ အငှားချရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ 

ထို့ပြင် မန်ယူအသင်းအနေဖြင့် ဂီတာဖေးအသင်းထံသို့ တစ်ရာသီအငှားချထားသည့် ဂရင်းဝုဒ်အား အသင်းကို ပြန်လည်ခေါ်ယူခြင်း ပြု၊ မပြုမှာလည်း မသေချာသည့် အနေအထားဖြစ်နေသည်။ 

ဆာဂျင်ရက်ကလစ်ဖ်ကမူ ဂရင်းဝုဒ်ကို အသင်းထံ ပြန်လည်ခေါ်ယူမည့်အစား ရောင်းထုတ်ရန်အတွက်သာ အာရုံစိုက်နေပြီး ဂရင်းဝုဒ်အား ဥရောပထိပ်တန်း အသင်းအချို့ကလည်း စိတ်ဝင်စားနေသည်။ 

ယင်းအတွက်ကြောင့် ဂရင်းဝုဒ်အပါအဝင် အခြားကစားသမား အချို့ကိုပါ ရောင်းထုတ်ပြီး ပေါင်သန်း (၁၀၀)အထိရရှိရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent