အာဆင်နယ်အသင်းသည် ဘောလုံးဒါရိုက်တာအဖြစ် တာဝန်ယူထားသော ရစ်ချတ်ဂါလစ်ကို မန်နေးဂျင်းဒါရိုက်တာအဖြစ် ပြောင်းလဲခန့်အပ်လိုက်ကြောင်း ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။
၎င်းသည် ဝက်စ်ဘရွန်းအသင်းမှ အာဆင်နယ်အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး အာဆင်နယ်အသင်းပိုင်ရှင်များ၏ နှစ်သက်သဘောကျခံရသူဖြစ်သည်။
ယခုကဲ့သို့ ရာထူးပြောင်းလဲခန့်အပ်ခံရခြင်းနှင့်ပတ်သက်၍ ၎င်းက "ရာထူးသစ်နဲ့ ရှေ့ဆက်ရမယ့်အခြေအနေအတွက် ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ အခုလိုအခွင့်အရေးပေးတဲ့အတွက် အသင်းဘုတ်အဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အသင်းကို အကောင်းဆုံးမောင်းနှင်သွားနိုင်အောင် ကြိုးစားမှာပါ"ဟု ပြောကြားခဲ့သည်။