မြန်မာ-ရုရှား နှစ်နိုင်ငံ ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး ညှိနှိုင်းဆောင်ရွက်နေမှု၊ ကုန်သွယ်မှုနှင့် လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

မြန်မာ-ရုရှား နှစ်နိုင်ငံ ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး ညှိနှိုင်းဆောင်ရွက်နေမှု၊ ကုန်သွယ်မှုနှင့် လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
Published 19 January 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mrs.Iskander Azizov တို့ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ငါးလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နေမှု၊ တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်းကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေး၏ သဘောတူညီမှုများအား ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား စားရေရိက္ခာဖူလုံရေးဆိုင်ရာ ဆက်စပ်ဆွေးနွေးပွဲရလဒ်မှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လိုသည့် ဦးစားပေးလုပ်ငန်းများ၊ မြန်မာနိုင်ငံတွင် သဘာဝအပင်ကြီးထွားဆေး စက်ရုံတည်ဆောက်ရန်ကိစ္စရပ်၊ မြန်မာ့ရေ၊ မြေ၊ ရာသီဥတု၊ သီးနှံလိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် ဓာတ်မြေသြဇာများ ရုရှားနိုင်ငံမှ တင်သွင်းနိုင်ရေးနှင့် ဆန်နှင့်ပဲမျိုးစုံ အပါအဝင် မြန်မာ့လယ်ယာထွက်ကုန်များအတွက် စျေးကွက်အခွင့်အလမ်းရရှိရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Iskander Azizov တို့ ဇန်နဝါရီ ၁၈ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံစဉ်မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် အပူစွမ်းအင် သုံးစီမံကိန်းများတွင် ရုရှားကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent