ထိုင်ဝမ်ကို တရုတ် ကျူးကျော်ရေးအတွက် ဖြစ်နိုင်ခြေ အနေအထားများ

ထိုင်ဝမ်ကို တရုတ် ကျူးကျော်ရေးအတွက် ဖြစ်နိုင်ခြေ အနေအထားများ
Published 10 January 2024
■ မင်းထက်

အနီးကပ်စောင့်ကြည့်ခံရသော ရွေးကောက်ပွဲအတွက်ထိုင်ဝမ်ပြည်သူများသည် ဇန်နဝါရီ ၁၃ ရက်တွင်မဲရုံများသို့သွားကြမည်ဖြစ်သည်။ တရုတ်တာဝန်ရှိသူများက ထိုင်ဝမ်ရွေးကောက်ပွဲကို စစ်ပွဲနှင့် ငြိမ်းချမ်းရေးအကြား ရွေးချယ်မှုဟု ပြောနေသည်။

ထိပ်ဆုံးကရေပန်းစားနေသော ကိုယ်စားလှယ်လောင်း လိုက်ချင်းတေးသည် ပေ ကျင်း၏ အမျက်တော်ရှခြင်းကို ခံထားရသူ ဖြစ်သည်။ လိုက်ချင်းတေးသည် ထိုင်ဝမ် လွတ်လပ်ရေးအတွက် ခေါင်းမာသော လုပ်သားဖြစ်ပြီး ငြိမ်းချမ်းရေး၏လုံးလုံးလျားလျား အဖျက်သမားဖြစ်သည်ဟု တရုတ်က ပြောသည်။

ထိုင်ဝမ်သည် မိမိပိုင်နက် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြန်လည်ပေါင်းစည်းရေးအတွက် တစ်ချိန်ချိန်တွင် သိမ်းယူရမည့်ကျွန်းဟု တရုတ်က ပြောကြားထားသည်။

ကျွမ်းကျင်သူများက အနီးဆုံးအချိန်ကာလတွင် အင်ပြည့်အားပြည့် ကျူးကျော်မှု ဖြစ်လာနိုင်စရာမရှိဟု သုံးသပ်နေကြသည် ဆိုသော်လည်း တိုင်ပေမှ ၀ါရှင်တန်အထိ လုံခြုံရေးစည်းများအတွင်း ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။

တရုတ်က ထိုင်ဝမ်ကျွန်းကို တိုက်ခိုက် မည်ဆိုပါက ပေကျင်း လုပ်ဆောင်နိုင်သည့် ရွေးချယ်စရာနည်းလမ်းအချို့ကို ဖော်ပြ လိုက်ပါသည်။

ခေါင်းဖြုတ်ပစ်ခြင်း

တရုတ်သည် ၎င်း၏စစ်အင်အားကို  ထုတ်ဖော်ပြသမှုများ ပိုမိုလုပ်ဆောင်လာခဲ့သည်။ ထိုင်ဝမ်ကျွန်းအနီးကို တိုက်လေယာဉ်များ နေ့စဉ်နီးပါး စေလွှတ်ခဲ့သည်။ ထို့အပြင် ထိုင်ဝမ်ရေပြင်အနီးတွင် တရုတ်ရေတပ်သင်္ဘောများ အဆက်မပြတ် နီးပါးရှိနေသည်။

တရုတ်သည် လွန်ခဲ့သောာ နှစ်နှစ်ခဲဲွ အတွင်း အင်အားကြီးမားသော စစ်ရေးလေ့ကျင့်မှုများကို အနည်းဆုံးနှစ်ကြိမ်လုပ် ဆောင်ခဲ့သည်။ တရုတ်လေယာဉ်တင်သ င်္ဘော ရှန်တုံသည် တရုတ်နှင့်ထိုင်ဝမ်ကို ပိုင်း ခြားထားသော ထိုင်ဝမ်ရေလက်ကြားကို မ ကြာမကြာ ဖြတ်သန်းခုတ်မောင်းခဲ့သည်။

ယခင် စစ်ရေးလေ့ကျင့်မှုများကိုအခြေ ခံလျက် တရုတ်က ထိုင်ဝမ်၏စစ်ဘက်အခြေ  ခံအဆောက်အအုံများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများနှင့် ဒုံးကျည် တိုက်ခိုက်မှုများကို အသုံးပြုလိမ့်မည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးသု တေသနဆိုင်ရာ ထိုင်ဝမ်အမျိုးသား အင် စတီကျု၌ လေ့လာဆန်းစစ်သူအဖြစ်ဆောင် ရွက်နေသော အူဆီဖုက ပြောကြားခဲ့သည်။

ဒုံးကျည်များ ဗုံးမိုးရွာခြင်းက ထိုင်ဝမ်၏ ဗဟိုကွပ်ကဲရေးဌာန၊ လေတပ်၊ ရေတပ်အ ခြေစိုက်စခန်းများကို ထိမှန်ရုံသာမက ထိုင် ဝမ်လက်နက်ဂိုဒေါင်များကိုလည်း ထိမှန် လိမ့်မည်ဖြစ်သောကြောင့် အူဆီဖုက ၎င်းင်းကို ခေါင်းဖြုတ်ပစ်သည့်ဖြစ်နိုင်ခြေတစ်ရပ်ဟု ပြောသည်။

“နိုင်ငံရေး ဒါမှမဟုတ် စစ်ရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခေါင်းဖြုတ်ပစ်လိုက်တဲ့အခါ သူတို့က ထိုင်ဝမ်ကို ကာကွယ်မယ့် စစ်သား တွေကို ညွှန်ကြားလို့မရနိုင်တော့ပါဘူး”ဟု အူဆီဖုက အေအက်ဖ်ပီကို ပြောသည်။

 

ပိတ်ဆို့မှု

တရုတ်သည် ပြည်မကြီးကမ်းရိုးတန်း နှင့်ခြောက်မိုင်( ၁၀ ကီလိုမီတာ) ဝန်းကျင် တွင်တည်ရှိသော ထိုင်ဝမ် အစွန်အဖျားကျွန်းများဖြစ်သည့် ကင်မင်နှင့် မတ်ဆုတို့ကို သိမ်းပိုက်ခြင်းကိုလည်း လုပ်ဆောင်လာနိုင်သည်။

ထိုင်ဝမ်ကျွန်းတစ်ခုလုံးကို အပြည့်အဝ ပိတ်ဆို့မှုကိုလည်း လုပ်ဆောင်လာနိုင်သည်။ ယင်းသို့ ပိတ်ဆို့လိုက်မည်ဆိုပါက ထိုင်ဝမ်ကို မည်သူမျှ အဝင်အထွက်လုပ်၍ ရ တော့မည်မဟုတ်သကဲ့သို့ ကုန်ပစ္စည်းပို့ ဆောင်မှုများကိုလည်း လုပ်ဆောင်နိုင်တော့ မည်မဟုတ်ပေ။

၂၀၂၃ ခုနှစ် ဧပြီလထဲတွင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ကီဗင်မက္ကာသီနှင့် ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်တို့ ကယ်လီဖိုးနီးယားတွင်တွေ့ဆုံခဲ့သည်ကို တုံ့ ပြန်သည့်အနေဖြင့် တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်က ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့သည့် ပုံစံဖန်တီးထားသည့် သုံးရက် ကြာ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ သည်။

“တရုတ်ရဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာ လေယာဉ်အားလုံး မြေပြင် မှာ ရပ်ထားရပြီး သင်္ဘောအားလုံး ကျောက် ချရပ်နားထားရေးဆိုတဲ့ သူ့ရဲ့စစ်ဆင်ရေး ရည်မှန်းချက် အောင်မြင်ဖို့ ကျွန်တော်တို့့ရဲ့ ဆိပ်ကမ်းတွေ၊ လေဆိပ်တွေ၊ စစ်ဘက်အ ဆောက်အအုံတွေ၊ ဝေဟင်နဲ့ရေပြင်ဆက် သွယ်ရေးလိုင်းတွေကို ပိတ်ဆို့တာတွေလုပ် လာနိုင်ပါတယ်” ဟု ထိုင်ဝမ်ကာကွယ်ရေးဝန် ကြီးဌာနက ၎င်း၏ ၂၀၂၃ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 သို့ရာတွင် ပိတ်ဆို့မှုက ထိခိုက်နာကျင် မှုဖြစ်စေရန် အချိန်ယူရလိမ့်မည်ဟု လေ့လာ ဆန်းစစ်သူများက ပြောကြားသည်။ သင်္ဘော များ အသွားအလာများသည့် အပြည်ပြည် ဆိုင်ရာ ရေလမ်းကြောင်းဖြစ်သည့် ထိုင်ဝမ် ရေလက်ကြားကို ပိတ်ဆို့မှုက တိုင်ပေကို အထိနာစေရုံသာမက တတိယနိုင်ငံတစ်နိုင် ငံကြားဝင်ရသည့်အနေအထားကိုလည်း ဖြစ်လာစေနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

“ထိုင်ဝမ်နဲ့ထိုင်ဝမ်ရဲ့မဟာမိတ်တွေက ပိတ်ဆို့ခံထားရတာနဲ့ပတ်သက်ပြီး နည်း လမ်းတွေကို ရှာမယ်ဆိုရင် တရုတ်က ဘယ် လောက်ကြာကြာ ၀ိုင်းထားမလဲဆိုတာ ရှင်း ရှင်းလင်းလင်း မရှိပါဘူး”ဟု အပြည်ပြည် ဆိုင်ရာ အကျပ်အတည်း အုပ်စု ICGက မကြာသေးမီက အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

“အချိန်ပိုကြာတဲ့ စစ်ဆင်ရေးဟာ ပြည် သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ လျင်မြန် တဲ့စစ်ပွဲကိုအောင်နိုင်ရေးဆိုတဲ့ ရည်မှန်း ချက်နဲ့ ဖီလာဖြစ်နေပါလိမ့်မယ်”ဟု ICG အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပိတ်ဆို့မှုက တစ်ကမ္ဘာလုံးစီးပွားရေးကို အနည်းဆုံး အမေရိကန်ဒေါ်လာ နှစ်ထရီလျံ ထိခိုက်စေလိမ့်မည်ဟု ရိုဒီယမ်အုပ်စု၏ ခန့် မှန်းချက်အရသိရသည်။ ပြင်းထန်သော သက်ရောက်မှုသည် ထိုင်ဝမ်ကိုသာမက တ ရုတ်ကိုလည်း ထိခိုက်စေလိမ့်မည်ဟုဆို သည်။

 

ကုန်း၊ ရေ နှစ်သွယ်စစ်ဆင်ရေး

တရုတ်သမ္မတရှီကျင်းပင်က ထိုင်ဝမ် ကို ပြည်မကြီးနှင့် ပေါင်းစည်ရေးအတွက် ၎င်းပေးထားသော ကတိအတိုင်း ဆောင်ရွက် မည်ဆိုပါက ၎င်း၏တပ်ဖွဲ့များသည် ထိုင်ဝမ် ကျွန်းကို သိမ်းပိုက်ရလိမ့်မည်ဟု အူဆီဖုက ပြောသည်။

“ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ သူတို့ဟာ ကုန်း၊ရေ နှစ်ထွေ စစ်ဆင်ရေးကို လုပ်ဆောင် ဖို့လိုအပ်ပါတယ်”ဟု ၎င်းင်းက ပြောသည်။

သို့ရာတွင် ကုန်း၊ရေ နှစ်ထွေ စစ်ဆင် ရေးသည် ရှုပ်ထွေးပြီး အလွန်တရာပင် ခက် ခဲသည်။ ထိုင်ဝမ်၏ ဆိုးရွားသော မုတ်သုံ မိုးလေဝသအခြေအနေအပြင် တောင်တန်း ထူထပ်သော ပထဝီဝင်အနေအထားတို့က လည်း အဟန့်အတားတစ်ရပ်ဖြစ်သည်။

သို့တွင် ထိုင်ဝမ်ကျွန်းပေါ်တွင် အား နည်းသော နေရာအချို့ရှိနေသည်။ ကမ်း ခြေနီများဟုခေါ်သည့် ကမ်းခြေငယ်များ သည် အကြီးစားစစ်ဆင်ရေးပြုလုပ်သည့် အခါ စစ်သားများ ဆင်းသက်ရန်အတွက် အ သင့်လျော်ဆုံးနေရာများဖြစ်သည်။

မြို့တော်တိုင်ပေနှင့်အနီးဆုံး ကမ်း ခြေတစ်ခုသည် မြောက်ပိုင်း တော့ယွမ်းမြို့ တွင် ရှိသည်။ အဆိုပါမြို့တွင် ထိုင်ဝမ်၏ အ ကြီးဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ သည်။ 

  “တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် က လေဆိပ်ကို သိမ်းလိုက်မယ်ဆိုရင် သူတို့ ဟာ သူတို့ရဲ့ စစ်သားတွေ၊ ခဲယမ်းတွေ၊ အ စားအသောက်တွေကို သယ်ယူပို့ဆောင်ဖို့ အဲဒီလေဆိပ်ကို အသုံးပြုနိုင်ပါတယ်”ဟု အူဆီဖုက သတိပေးသည်။

သို့ရာတွင် ပေကျင်း ချွတ်ယွင်းအား နည်းချက်နှင့်သက်ဆိုင်သော အလားအလာ များသည် မှုလောက်စရာမရှိသောကြောင့် ထိုင်ဝမ်ကို ကုန်းရေနှစ်သွယ်စစ်ဆင်ရေး၏ဖြစ်နိုင်ခြေသည်အနီးဆုံးအချိန်ကာလတွင် နည်းပါးနေသည်ဟု ICG ရှိ တရုတ်ရေးရာ ကျွမ်းကျင်သူ အာမန် ဒါရှောင်က ပြော သည်။

ထိုအစား စိုးရိမ်စရာအကောင်းဆုံးကိစ္စ မှာ ထိုင်ဝမ်ကို တရုတ်၏ တင်းတင်းကျပ်ကျပ် ဖျစ်ညှစ်ထားမှုပင်ဖြစ်သည်။ ထိုအရာသည် နေ့စဉ် ဖြစ်ပျက်နေသောအရာဖြစ်သည်။

“ကျွန်မတို့ဟာ မကြာမကြာလုပ်နေတဲ့  တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ လုပ် ဆောင်ချက်တွေနဲ့အနီးဆုံးလုပ်ရပ်တွေရဲ့ ပုံစံအဖြစ် ဒီအထောက်အထာကို နေ့စဉ် မြင် နေရပါတယ်”ဟု အာမန်ဒါက ရှောင်က ပြောသည်။ တရုတ်၏ဆိုက်ဘာစစ်ဆင်ရေး ကိုလည်း ထိုင်ဝမ်က ကြောက်နေရသည်ဟု ဆိုသည်။                 

Ref: AFP

Most Read

Most Recent