ရှင်သန်ရပ်တည်ရေး ဦးစားပေး လုံးပန်းနေရသည့် မြန်မာနိုင်ငံမှ ထုတ်လုပ်ရေးကုမ္ပဏီများ

ရှင်သန်ရပ်တည်ရေး ဦးစားပေး လုံးပန်းနေရသည့် မြန်မာနိုင်ငံမှ ထုတ်လုပ်ရေးကုမ္ပဏီများ
ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်ရေး စက်ရုံတစ်ရုံကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်ရေး စက်ရုံတစ်ရုံကို တွေ့ရစဉ်
Published 7 January 2024

အာဆီယံထုတ်လုပ်မှုကဏ္ဍသည် ဒီဇင်ဘာတွင် အကျနယ်ပယ်ထဲကို ပြန်ဆင်းသွားကြောင်း S&P Global အာဆီယံထုတ်လုပ် မှု PMI အညွှန်းကိန်းများ စစ်တမ်းတွင် ဖော်ပြထားသည်။

အာဆီယံဒေတာက စောင့်ကြည့်နေသည့် အာဆီယံခုနစ်နိုင်ငံအနက် လေးနိုင်ငံက ထုတ်လုပ်မှု အခြေအနေများ အားပျော့လာကြောင်း ထောက်ပြထားသည်။

မြန်မာနိုင်ငံသည် ဒီဇင်ဘာလ၏အဆင့် သတ်မှတ်ရေးဇယားထဲတွင် အောက်ဆုံး၌ ရှိနေခဲ့ပြီး ကိန်းဂဏန်းအရ အထင်ရှားဆုံး ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သည်။ သက်ဆိုင်ရာ အဓိကအကျဆုံးအညွှန်းကိန်းသည် ဒီဇင်ဘာ လတွင် တစ်နှစ်အတွက် အနိမ့်ဆုံး ၄၂ ဒသမ ၉ သို့ နိမ့်ဆင်းသွားသည်။

ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှု ကဏ္ဍအခြေ အနေများ ဆိုးရွားလာခဲ့ကြောင်း၊ မလေးရှားနိုင်ငံသည်လည်း ၎င်းတို့၏ကုန်စည်ထုတ်လုပ်ရေး ကဏ္ဍအခြေအနေ ကျဆင်းလာခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ထုတ်လုပ်မှုတိုးလာ သည့်နှုန်းမှာ အနှေးဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

ကျန်ရှိနေသည့်နှစ်နိုင်ငံဖြစ်သော စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်း အလားတူတိုးတက်ထုတ်လုပ်မှုနှုန်းကို တွေ့မြင်ခဲ့ရသည်ဟု စစ်တမ်း တွင် ဖော်ပြထားသည်။

“မကြာမီက အာဆီယံထုတ်လုပ်ရေး ကဏ္ဍရဲ့ ကျဆင်းမှုဟာ ခြုံကြည့်ရင် အသင့်အတင့်သာဖြစ်ပေမဲ့ ဝယ်လိုအားအခြေအနေ တွေ အားပျော့လာနေတဲ့လက္ခဏာတွေ တိုး မြင့်လာရမှုက ၂၀၂၄ ခုနှစ်ဆီကို ရှေးရှုရာမှာ ထုတ်လုပ်မှုထဲမှာ ဖြတ်တောက်မှုအသစ်တွေ ကို မြင်တွေ့လာရမှာစိုးရပါတယ်။ ဒေသတစ် ဝန်း ထုတ်လုပ်သူများက လာမယ့်နှစ်ထဲမှာ ထုတ်လုပ်မှု တိုးလာဖို့ကို ပံ့ပိုးပေးနိုင်ဖို့အ တွက် အော်ဒါအသစ်တွေ တိုးပြီးရလာမှာကို  မျှော်လင့်လျက်ရှိနေကြမှာပါ” ဟု အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ် လျက် S & P Global Market Intelligence မှစီးပွားရေးပါရဂူ Maryam Baluch က ပြောကြားထားသည်။

မြန်မာစက်မှုကုန်ထုတ်လုပ်မှု၏ အကျဘက်ဦးတည်မှုမှာ ၂၀၂၃ ခုနှစ်အဆုံးပိုင်းတွင် ပိုမိုဆိုးရွားခဲ့ကြောင်း၊ မကြာသေးမီက မြန်မာ နိုင်ငံမြောက်ပိုင်းတွင် ပဋိပက္ခပြင်းထန်လာခဲ့ ရုံမက ထိရှလွယ်ပြီးသား ဝယ်လိုအားအခြေအ နေကို ပို၍ခက်ခဲလာစေခဲ့ကြောင်း ၂၀၂၃ ခု နှစ် ဒီဇင်ဘာလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု ထည့်ကုန်ဝယ်ယူ ရေးမန်နေဂျာများ၏ အညွှန်းကိန်း Purchasing Manager’s Index - PMI စစ်တမ်းတွင် ဖော်ပြထားသည်။

အကျိုးဆက်အဖြစ် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များထဲတွင် နက်ရှိုင်းသည့်ကျ ဆင်းမှုကို အစီရင်ခံခဲ့ကြသည်။ လုပ်ငန်းများ ပြိုလဲနေကြရသည့် လက်ရှိအချိန်တွင် ကုမ္ပဏီများက ၎င်းတို့၏ ဝယ်ယူမှုများနှင့် ဝန်ထမ်း ဦးရေများကို ထိန်းချုပ်လာနေကြရကြောင်း သိရသည်။

အဆိုပါ S&P Global  မြန်မာထုတ်လုပ်မှု PMI ကို  S&P Global  သည် ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့်အဖွဲ့များမှ ထည့် ကုန်ဝယ်ယူရေးမန်နေဂျာများထံ ပေးပို့သည့် မေးခွန်းလွှာများအတွက် ရရှိခဲ့သည့်ဖြေကြား ချက်များကို အခြေခံတွက်ချက်ထားခြင်းဖြစ် သည်။

ဝယ်ယူမှုများ ကျဆင်းလာခဲ့သည့်တိုင် အောင် ပစ္စည်းပေးသွင်းရေးကွင်းဆက်များ သည် ဖိအားပေးမှုများကို ဆက်လက်ရင်ဆိုင် နေကြရပြီး ကုန်ကြမ်းပြတ်လပ်မှုများနှင့် ပို့ ဆောင်ရေးစိန်ခေါ်မှုများကြောင့် ပေးသွင်းမှု ပြီးဆုံးရန် ပျမ်းမျှကြာမြင့်ချိန်များမှာ ထပ်တိုး လာခဲ့ကြောင်း၊ အမှန်စင်စစ်တွင် ပစ္စည်းပေး သွင်းသူတို့၏ စွမ်းဆောင်ရည်မှာ (၂၀၁၅ ခု နှစ် ဒီဇင်ဘာမှစတင်ခဲ့သည့်) စစ်တမ်းသမိုင်း ထဲတွင် အဆိုးရွားဆုံးပမာဏဖြင့် ဆုတ်ယုတ်  လာခဲ့ကြောင်း၊ ယင်းအတောအတွင်း နိုင်ငံ ရေးမတည်ငြိမ်မှုများက ထုတ်လုပ်သူတို့အ ကြားရှိ မျှော်မှန်းချက်များအပေါ် လွှမ်းမိုးနေ သဖြင့် ယုံကြည်မှုပမာဏများသည် ၁၀ လအ တွင်း အနိမ့်ဆုံးသို့ အားပျော့သွားခဲ့သည်ဟု လည်း စစ်တမ်းတွင် ဖော်ပြထားသည်။

“လက်နက်ပိုင်ပဋိပက္ခတွေ လတ်တ လောအရှိန်မြင့်လာမှုက စီးပွားရေးကိုထိပါး လာခဲ့ခြင်းမှာ မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေး ကဏ္ဍဟာ ၂၀၂၃ ခုနှစ် အကုန်ပိုင်းမှာ ထိုးကျ သွားပါတယ်။ ထုတ်လုပ်မှုနဲ့ အော်ဒါအသစ် တွေဟာ ဒီဇင်ဘာမှာ  တစ်ဟုန်ထိုးကျဆင်းသွား ခဲ့ပြီး အဓိကအကျဆုံး PMI အညွှန်းကိန်းကို တစ်နှစ်အတွင်း အနိမ့်ဆုံးမှာ မှတ်တမ်းတင်ခဲ့ တယ်”ဟု S & P Global Market Intelligence မှစီးပွားရေးပါရဂူ Maryam Baluch  က ပြောကြားခဲ့သည်။

အဓိကအကျဆုံး S & P Global မြန်မာ ထုတ်လုပ်မှု PMI ထုတ်လုပ်ရေးစွမ်းဆောင် မှုကို ဖော်ပြထားပေးသာ ပေါင်းစပ်ထားသည့် တစ်ခုတည်းသောအညွှန်းကိန်းမှာ စတုတ္ထ သုံးလပတ်တစ်ခုလုံးကဲ့သို့ပင် ကြားနေအမှတ်  ၅၀.၀ ၏အောက်မှာ မှတ်တမ်းတင်ခဲ့သည်။  ဒီဇင်ဘာလအတွက် နောက်ဆုံးအညွှန်းကိန်း ၄၂.၉ သည် နိုဝင်ဘာလ၏ ၄၈.၁ ထက် သိ သာစွာ နိမ့်ကျနေပြီး ၂၀၂၃ ခုနှစ် တစ်နှစ်လုံး တွင် လုပ်ငန်းလည်ပတ်မှုအခြေအနေများ အ ဆိုးရွားဆုံးကျဆင်းမှုကို အချက်ပြလိုက်သည်။

အော်ဒါအသစ်များ အကျဘက်ဦးတည် မှုအတွက် အကြောင်းရင်းမှာ ဝယ်လိုအားအ ခြေအနေများ လတ်တလောပျက်ပြားမှုဖြစ်ခဲ့ ပြီး နောက်ဆုံးအချိန်မှာ လက်နက်ကိုင်ပဋိ ပက္ခများ ရှေ့ဆက်ပြင်းထန်လာခဲ့မှုကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။ ထုတ်လုပ်သူတို့က ဖောက်သည်များ ရင်ဆိုင်နေရသည့်ဘဏ္ဍာ ရေးအကျပ်အတည်းများအတွက်ကြောင့် ရောင်းရမှုများ နည်းလာခဲ့ကြောင်း ညွှန်ပြကြ သည်။

ဝယ်လိုအားအခြေအနေများ အားပျော့ လာမှုနှင့်အတူ လျှပ်စစ်နှင့်လောင်စာ၊ သွင်း အားစုပစ္စည်းများ ပြတ်တောက်မှု ပေါင်းဆုံမိ ခြင်းက ကုမ္ပဏီများအား ၎င်းင်းတို့၏ထုတ်လုပ် မှုကို ဒီဇင်ဘာတွင် လျှော့ချစေခဲ့သည်။

လုပ်ငန်းဆိုင်ရာ တောင်းဆိုမှုများ ကျ ဆင်းလာသည်နှင့်အမျှ ကုမ္ပဏီများသည် ဒီ ဇင်ဘာလတွင် ထည့်ကုန်ဝယ်ယူမှုများကို လျှော့ချခဲ့ကြပြီး အလုပ်နေရာများကိုတစ်ဟုန် ထိုး အရှိန်မြှင့်ဖြတ်တောက်ခဲ့ကြသည်။

ကုမ္ပဏီများက ဝယ်ယူရေးလုပ်ငန်းများ ၏အရှိန်ကိုလျှော့ချခဲ့ကြသည်မှာ ၂၀၂၂ ခု နှစ် စက်တင်ဘာလမှစပြီး အားအကောင်း ဆုံးနှုန်းဖြစ်လာချိန်တွင် အလုပ်နေရာဖြတ် တောက်မှုများမှာ နှစ်နှစ်ကျော်အတွင်းမှာ အ ထင်ရှားဆုံးဖြစ်လာသည်။ ကုမ္ပဏီများသည် ထုတ်လုပ်မှုကို ပံ့ပိုးပေးရန် မိမိတို့၏သိုလှောင် ကုန်များကို အစားထိုးသုံးလာခဲ့ကြသည်။ 

စျေးနှုန်းများနှင့်ပတ်သက်ပြီး ပစ္စည်း များ၊ လောင်စာနှင့်ပေးသွင်းသူတို့၏စျေးနှုန်း များ မြင့်တက်လာခဲ့မှုကြောင့်လည်းကောင်း၊  ဒေါ်လာကျပ်ငွေလဲလှယ်မှုနှုန်း ပိုဆိုးလာခြင်း ကြောင့်လည်းကောင်း၊ စရိတ်စကဆိုင်ရာ ဝန် ထုပ်ဝန်ပိုးများမှာ ဒီဇင်ဘာလတွင် ပိုပြင်းထန် လာခဲ့သည်။ 

“မြန်မာနိုင်ငံအတွင်းက ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ သေရေးရှင်ရေးအခြေအနေ မျိုးထဲမှာ လုပ်ကိုင်နေကြရတာဖြစ်ပြီး ပဋိပက္ခ ဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့လာနေတဲ့အတွက်  စိန်ခေါ်မှုတွေ တိုးတိုးရင်ဆိုင်နေကြရပါတယ်။ ခြုံကြည့်မယ်ဆိုရင် ကုမ္ပဏီတွေဟာ ရှင်သန် ဖို့ ဦးစားပေးလုံးပန်းနေကြရလို့ အနာဂတ် လုပ်ငန်းများဆိုင်ရာ မျှော်မှန်းချက်တွေဟာ မှေးမှိန်နေပါတယ်။ ပြီးတော့ နိုင်ငံရေးမတည် ငြိမ်မှုဟာ မကြုံစဖူးကြီးထွားလာနေချိန်မှာ ပ ထဝီနိုင်ငံရေးအဆက်အသွယ်များဟာ အထူး သဖြင့် တရုတ်ပြည်မကြီးနဲ့ အဆက်အသွယ် ဟာ ၂၀၂၄ ခုနှစ်ထဲ ခြေချဝင်ချိန်မှာ တစ်စိတ် တစ်ဒေသအားဖြင့် မြန်မာနိုင်ငံရဲ့ လမ်း ကြောင်းကို ဆုံးဖြတ်ပေးကြပါလိမ့်မယ်” ဟု စီးပွားရေးပါရဂူ Maryam Baluch က သုံး သပ်ပြောကြားခဲ့သည်။

အနာဂတ်ကို လှမ်းမျှော်ကြည့်လျှင် မြန် မာနိုင်ငံအတွင်း ထုတ်လုပ်သူတို့အကြား အ ကောင်းမြင်မှုပမာဏများ အားပျော့လာခဲ့ ကြောင်း၊ ယုံကြည်မှုပမာဏမှာ ၁၀ လအတွင်း အနိမ့်ဆုံးတွင်ရှိခဲ့ကြောင်း၊ နိုင်ငံရေးမတည် ငြိမ်မှုနှင့် တိုးလာနေသည့် မရေမရာဖြစ်လာ နေခြင်းက ပါဝင်ဖြေဆိုသူတို့၏ မျှော်မှန်းချက် များကို ထိုးနှက်ခဲ့ကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

        ■

 

Most Read

Most Recent