နယူးဇီလန်နိုင်ငံကလွဲရင် အမေရိကန်ဟာ ဆေးတွေကို လူထုကြော်ငြာရာမှာ စည်းမျဉ်းစည်းကမ်းတင်းကျပ်လွန်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ လုပ်ကိုင်နိုင်စွမ်းလည်းရှိကြပါတယ်။ အမေရိကန်ပြည်သူတို့ဟာ သတင်းစာ၊ မဂ္ဂဇင်း၊ အွန်လိုင်းများစွာက ဆေးတစ်ခုရဲ့ကောင်းကျိုးတွေ၊ အာနိသင်တွေအကြောင်း အသေးစိပ်မျက်နှာအပြည့်ရေးထားပြီး ဘေးထွက်ဆိုးကျိုး၊ သုံးစွဲမှုတို့မသင့်တဲ့အခြေအနေ၊ ရှောင်ရန်အကြောင်းတွေကို နောက်စာမျက်နှာစာလုံးအသေးလေးတွေသုံးပြီး နည်းနည်းလေးသာ ရေးသားထားကြောင်း ပြောကြတဲ့ ဆေးထုတ်လုပ်သူများရဲ့ လုပ်နည်းလုပ်ဟန်နဲ့ ကျွမ်းဝင်ကြပါတယ်။
ယခုအခါ အမေရိကန်အစားအသောက်နဲ ့ဆေးဝါးကွပ်ကဲမှုဌာန (FDA) ရဲ့ စည်းမျဉ်းစည်းကမ်းသစ်တွေအောက်မှာ အပြောင်းအလဲတွေမြင်တွေ့ကြရပါ လိမ့်မယ်။ ၂၀၁၅ ခုနှစ်အစောပိုင်းက ပုံနှိပ်မီဒီဟာတွေမှာ စားသုံးသူတွေသိအောင် ကြော်ငြာကြတဲ့ပုံစံတွေအပေါ် ချမှတ်မယ့်စည်းမျဉ်းသစ်အပေါ် လူထုအမြင်များတောင်းခံခဲ့ကြပါတယ်။ အဆိုပါစည်းမျဉ်းသစ်အရ ဆရာဝန်နဲ့ဆေးဝါးပညာရှင်များလောက်ပဲ နားလည်လောက်တဲ့ စာလုံး၊ ဆေးနဲ့ဆေးပစ္စည်းတွေနဲ ့ဘေးထွက်ဆိုးကျိုးပါဝင်ပါတယ်။
သာမန်လူထု အလွယ်တကူနားလည်နိုင်မယ့်နည်းလမ်းကို အသုံးပြုရေးသားတာ အရေးအကြီးဆုံးဆေးရဲ့ဘေးထွက်ဆိုးကျိုးနဲ့ရှောင်ရှားဖို့အတွက်များ ဖော်ပြဖို့တိုက်တွန်းထားပါတယ်။ နေ့စဉ်သုံးစကားနဲ့ရေးသားထားတဲ့ဆေးအကြောင်းအကျဉ်းချုပ်မှာ ဆေးရဲ့ကောင်းကျိုးဆိုးကျိုး၊ သုံးစွဲပုံများ အမေးအဖြေပုံစံနဲ့ရေးသားနိုင်သလိုဇယားနဲ့လည်း ဖော်ပြနိုင်ပါတယ်။ ဆေးရောင်းချသူများဟာ ဆေးကြော်ငြာရာမှာ စာသိပ်မတတ်တဲ့ ဗန်းစကားများပါ ထည့်သွင်းသုံးစွဲဖို့လည်း တိုက်တွန်းထားပါတယ်။ စာလုံးများကိုလည်း ဖတ်လို့ရလောက်တဲ့အထိကြီးကြီးမားမားရေးသားဖို့ တောင်းဆိုထားပါတယ်။ အရေးကြီးဆုံးအချက်က လိုဂိုဒီဇိုင်းများအရောင်များထည့်သွင်းသုံးစွဲပြီး ထင်ရှားအောင်လုပ်ဖို့ သတ်မှတ်ထားပါတယ်။
လူထုရဲ့တုံ့ပြန်မှုက အဆိုပါစည်းမျဉ်းများကို လက်တွေ့အသုံးချရာမှာ ဖြစ်ပေါ်လာနိုင်တဲ့စိန်ခေါ်မှုတွေကို အလေးထားတုံ့ပြန်ကြတာတွေ့ရပါတယ်။ ဘယ်လိုစကားလုံးက ရိုးရှင်းလွယ်ကူတယ်ဆိုတာကို သတ်မှတ်ဖို့ ပညာရှင်တို့နဲ့ ဈေးသည်အကြား ညှိနိူင်းကာ အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုဌာန (FDA) ရဲ့အခြေခံအကျဆုံးအချက်ဖြစ်တဲ့ ဆရာဝန်ညွှန်ကြားစာပါမှ ဝယ်လို့ရမယ့် ဆေးနဲ့ ဆရာဝန်ညွှန်ကြားစာမလို စိတ်ကြိုက်ဝယ်ယူခွင့်ပြုထားတဲ့ ဆေးများအဖြစ်ခွဲခြားထားမှုဖြစ်ပြီး သူတို့အတွက် စည်းမျဉ်းစည်းကမ်းတွေက ရာစုနှစ်တစ်ဝက်လောက်ကျင့်သုံးခဲ့ပြီဖြစ်တယ်။
၁၉၃၈ ခုနှစ်အစားအသောက်ဆေးဝါးနဲ့ အလှကုန်ပစ္စည်းဆိုင်ရာ ဥပဒေ ထွက်ရှိပြီးနောက်မှာ ဆေးဝါးတွေကို ဆရာဝန်ဆေးညွှန်းစာပါမှဝယ်လို့ရမယ့်ဆေးနဲ ့ဆေးညွှန်စာမလိုဘဲ ဝယ်ယူခွင့်ပြုတဲ့ဆေးအဖြစ်ခွဲခြားခဲ့ကြပြီး စားသုံးသူတွေဟာ ဆေးညွှန်းစာမလိုတဲ့ဆေးများအကြောင်းကို ဆေးကြော်ငြာက တစ်ဆင့်သိရှိပြီးဖြစ်ရာ ဆေးညွှန်းစာလိုတဲ့ဆေးဝါးအကြောင်းဆိုတော့ ဆရာဝန်များ ဆေးဝါးပညာရှင်များကတစ်ဆင့် သိရှိကြရပါတယ်။
အမေရိကန်မှာ ဆေးတစ်မျိုးမှတ်ပုံတင်ခွင့်ရရှိဖို့ ခက်ခဲလှပါတယ်။ သူတို့ (FDA) က ဂုဏ်ယူခဲ့တာလေးရှိတာက ၁၉၅၀ ခုနှစ်များအတွင်း သာလီဒိုမိုက် (Thalidomide) ကို ကိုယ်ဝန်ဆောင်များ အကြောအခြင်ပြေစေဖို့၊ အိပ်ပျော်စေဖို့ ဥရောပမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေချိန် အမေရိကန် (FDA) ကသုံးစွဲခွင့်၊ တင်သွင်းခွင့်လုံးဝခွင့်မပြုခဲ့ပါဘူး။ အကျိုးဆက်ကတော့ ဥရောပမှာ မွေးရာပါအင်္ဂါမစုံတဲ့ကလေးများ မွေးဖွားလာချိန်မှာ အမေရိကန်က အဆိုပါဆေးမသုံးစွဲလို့အန္တရာယ်ကင်းခဲ့ပါတယ်။ ဆေးဝါးထုတ်လုပ်တဲ့ဂျာမန်ကုမ္ပဏီက အဆိုပါမွေးလာတဲ့ကလေးတွေအတွက် လျော်ကြေးဘီလျံနဲ့ချီကာ ပေးခဲ့ကြရပြီး အဆိုပါကလေးတွေရဲ့နောင်ရေးစိတ်မအေးစရာဖြစ်ခဲ့ဖူးတယ်။ ယခုတော့သာလီဒိုမိုက်ကို အနာကြီးရောဂါနဲ့ အရိုးရောဂါ (multiple myeloma) ကုသရာမှာ ကိုယ်ဝန်ဆောင်မှလွဲပြီး အသုံးပြုကြပါသေးတယ်။
ကိုဗစ်-၁၉ ကာလမှာတော့ ဖိုင်ဇာ (Pfizer) နဲ့ ဘိုင်အိုတက်ကုမ္ပဏီ၊ ဂျာမနီတို့ပူးတွဲထုတ်လုပ်တဲ့ဖိုင်ဇာ (Pfizer) ကို လျင်လျင်မြန်မြန်ပဲ ထိုးနှံဖို့ သမ္မတဒေါ်နယ်ထရမ့်လက်မှတ်ထိုးခွင့်ပြုပေးခဲ့တယ်။ အကျိုးဆက်ကအမေရိကန်နဲ့ဗြိတိန်မှာ ကိုဗစ်ကြောင့်ရောဂါဖြစ်ပွါးမှု၊ ရောဂါကူးစက်မှု၊ ရောဂါကြောင့်သေဆုံးမှု လျော့ကျသွားပါတယ်။ ဖိုင်ဇာ (Pfizer) ရဲ့ပျော့ကွက်က အအေးခဲထားတဲ့ အနေအထားနဲ့သယ်ယူရတာဖြစ်လို့ ပူနွေးတဲ့နိုင်ငံတွေနဲ့မသင့်တော်ပါဘူး။ သည်အချိန်မှာမိုဒါနာ (moderna) ကုမ္ပဏီက သူတို့ရဲ့ကိုဗစ် (COVID-19) ကာကွယ်ဆေးနည်းပညာကို အတုခိုးပါတယ်လို့ဖိုင်ဇာ (Pfizer) ဘိုင်အိုတက် ကုမ္ပဏီကိုတရားစွဲဆိုပါတယ်။ တရားရုံးကကိုဗစ်ကာလအတွင်းရင်ဆိုင်ခွင့်မပြုသေးဘဲ ကာကွယ်ဆေးများက နိုင်ငံအားလုံးရောက်ရှိထိုးနှံဖို့သာ အာရုံစိုက်သင့်ကြောင်း အကြောင်းပြန်ကာထပ်ဆင့်မြှင့်ကာကွယ်ဆေး (Booster dose) များပါ ထိုးနှံခဲ့ကြတယ်။ နောက်ဆုံးတရားစွဲဆိုရာမှာ တရားရုံးကနှစ်ဦးနှစ်ဖက်ဖျန်ဖြေပေးခဲ့ပြီး အမှုကျေအေးခဲ့တာ အမေရိကန်ပါပဲ။
အမေရိကန် FDA ရဲ့လုပ်ဆောင်မှုတစ်ခုအနေနဲ့ ၁၉၆၀ ပြည့်နှစ်ကျော်မှာ သန္ဓေတားဆေးများနဲ့ ပတ်သက်တဲ့ သက်ရောက်ကြားနာမှုများအပြီးမှာ စိတ်ပျက်စရာလျော့ရဲသွားခဲ့ရပါတယ်။ အမျိုးသမီးလူ့အခွင့်အရေးလှုပ်ရှားသူများက သန္ဓေတားဆေးတွေဟာ သေစေနိုင်တဲ့သွေးခဲပိတ်ဆို့ခြင်းလိုပြဿနာများဖြစ်စေနိုင်ပါတယ်ဆိုတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အမျိုးသမီးများကိုမပြောဘဲ ထိမ်ချန်ထားခြင်းဟာ မသင့်တော်ကြောင်း၊ အဆိုပါအချက်အလက်တွေကိုဆရာဝန်များသာမက အမျိုးသမီးများပါ သိရှိသင့်ကြောင်း တောင်းဆိုခဲ့ကြရာ ကြားနာမှုပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်ကျော်ကစပြီး သန္ဓေတားဆေးနဲ ့ဆေးညွှန်းများ လူနာများအတွက် FDA ကဆေးထုတ်လုပ်မှုများကိုညွှန်ကြားခဲ့ပါတယ်။ လူနာများအတွက်ရည်ရွယ်တဲ့ဆေးညွှန်းစာမှာ ခက်ခဲ့တဲ့ဆေးပညာဆိုင်ရာအသုံးအနှုန်းများမပါဘဲ သန္ဓေတားဆေးရဲ့ကျန်းမာရေးဆိုးကျိုးများကို နေ့စဉ်သုံးစကားတွေနဲ့ ရှင်းရှင်းလင်းလင်း ဖော်ပြစေခဲ့တယ်။
လူနာတွေအတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးများအကြောင်း သတင်းအချက်အလက်ကို ဘယ်လိုရှင်းရှင်းလင်းလင်းရေးသားဖော်ပြရမယ်ဆိုတာ မပြက်သားတဲ့ပြဿနာကြုံတွေ့ခဲ့ရပါတယ်။ FDA ကစားသုံးသူထုတ်လုပ်သူများနဲ့ ဆရာဝန်များ တိုင်ပင်ထုတ်ဝေခဲ့တဲ့ သန္ဓေတားဆေးများအကြောင်း သိကောင်းစရာလို ခေါင်းစဉ်တပ်ပေးထားတဲ့ စာရွက်မှာဆေးရဲ့ကျန်းမာရေးအပေါ် သက်ရောက်နိုင်မှုတွေ၊ ဘေးထွက်ဆိုးကျိုး၊ ဆောင်ရန်၊ ရှောင်ရန်တွေပါဝင်ပြီး စာလုံးရေ ၆၀၀ ကျော်ပါဝင်တယ်။ ဒါပေမဲ့ အချက်အလက်တွေကို ဆေးလောကရော၊ ဆေးထုတ်ဝေရေးဘက်ကပါ အပြင်းအထန်ကန့်ကွက်ခဲ့ကြပြီး ကျန်းမာရေးဌာနက ညှိနိူင်းပြင်ဆင်ပေးခဲ့ရပါတယ်။ အဆိုပါဖိအားကြောင့်ပြင်ဆင်ထုတ်ဝေခဲ့ရတဲ့ FDA ရဲ့အချက်အလက်များဟာ ပိုမိုတိုတောင်းသွားပြီး အသေးစိတ်အချက်အလက်များမပါဝင်တော့ပါဘူး။ ပြင်ဆင်ထားတဲ့စာရွက်မှာ စာလုံးရေတစ်ရာ ၁၀၀ ခန့်သာပါဝင်ကာ ဘေးထွက်ဆိုးကျိုး နဂိုက ၂၅ ခုပါခဲ့ရာမှ ငါးခုသာကျန်ရှိပါတော့တယ်။ ဖြုတ်လိုက်တဲ့အချက်အလက်တွေထဲမှာ သွေးကြောအတွင်း သွေးခဲပိတ်ဆို့ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ ပါသွားပြီး သွေးခဲခြင်းဆိုင်ရာ ပြဿနာဖြစ်နိုင်တယ်လို့သာ ပါရှိပါတော့တယ်။
ဆိုလိုတာက FDA အတွက်ဆေးဝါးများကြော်ငြာခြင်း၊ ရောင်းချခြင်းတို့ကို သတ်မှတ်ရာမှာ အခက်အခဲများစွာရှိတယ်ဆိုတဲ့အကြောင်းပဲဖြစ်တယ်။ လူထုရဲ့တုံ့ပြန်မှုအရ ဆေးအများစုဟာ ကြော်ငြာရာမှာ ဆိုးကျိုးများကိုထည့်သွင်းရေးသားလေ့မရှိကြဘဲ တစ်စုံတစ်ရာဖြစ်ပေါ်နေတာကိုသတိထားမိပါကဆရာဝန်ထံပြဖို့ဆိုတဲ့ ယောင်ဝါးဝါးရေးသားမှုများကိုသာ ထည့်သွင်းထားလေ့ရှိတယ်လို့ဆိုပါတယ်။
အမေရိကန် FDA ကေ ဆးကြော်ငြာများဆိုင်ရာ ပြောင်းလဲမှုများ လုပ်ဆောင်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမဲ့ အတိုက်အခိုက်တွေကြောင့်နောက်ဆုတ်ခဲ့ရတာလည်း အကြိမ်ကြိမ်ဖြစ်ပါတယ်။ FDA က သတင်းစာများ၊ မဂ္ဂဇင်းများမှာ ဆေးများကို သင့်တင့်မျှတတဲ့ သတင်းအချက်အလက်များပေးခြင်းနည်းနဲ ့ကြော်ငြာမှုပြုလုပ်ခြင်းကို စတင်ခွင့်ပြုပေးခဲ့တယ်။ ကုမ္ပဏီများကေ ဆးဘူးထဲမှာ ထည့်သွင်းပေးလေ့ရှိတဲ့ ဆရာဝန်များနဲ့ ဆေးဝါးကျွမ်းကျင်သူပညာရှင်များအတွက် ဆေးဝါးဆိုင်ရာ အချက်အလက်စာရွက်ကိုသာ ကြော်ငြာတဲ့စာသာကူးထည့်ပြီး ကြော်ငြာကြပါတော့တယ်။ အဆိုပါအချက်အလက်တွေက စားသုံးသူတွေနားလည်ဖို့ခက်ခဲပါတယ်။
ဆေးလောကအသုံးအနှုန်းတွေက စားလုံးသေးသေးများ၊ စကားလုံးလေးလေးပင်ပင်နဲ ့ဆေးအဘိဓာန်ရှာဖတ်ရမှုတို့က သာမန်ပြည်သူတွေအတွက်အသုံးမဝင်ပါဘူး။ အမှန်တကယ်တော့ စားသုံးသူများက ကိုယ့်ကိုယ်တွင်းထည့်သွင်းရမယ့် ဆေးဝါး၊ သောက်သုံးရမယ့်ဆေးဝါးတွေရဲ ့ကောင်းကျိုး၊ ဆိုးကျိုးကိုသိရှိရဖို့သင့်ပါတယ်။ အဲဒီလိုသိရှိအောင် FDA က ကြားဝင်ဆောင်ရွက်ပေးဖို့ကြိုးပမ်းနေကြပါတယ်။ အဆိုပါဥပဒေ တော်တော်နဲ့ရောက်ရှိလာမလာတာကတော့ (FDA)ရဲ့စည်းရုံးဆွဲဆောင်နိုင်မှုတွေပေါ်မှာ အရေးကြီးတာက အများကြီး မူတည်သွားပါလိမ့်မယ်။
မြန်မာနိုင်ငံမှာလည်း FDA က မှတ်ပုံတင်သုံးစွဲဖြန့်ချိရောင်းချခွင့်ပြုတဲ့ဆေးဝါးစာလုံးကို မြန်မာစာနဲ့ သာမန်ပြည်သူတစ်ယောက်နားလည်တဲ့စကားလုံးများရွေးချယ်ဖော်ပြသွားဖို့ ဥပဒေနဲ့ပြဋ္ဌာန်းပြီးဖြစ်ပေမဲ့ အများစုမှာ ယခင်အတိုင်း ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူများသာသိတဲ့ ဆေးအညွှန်းနဲ့ရောပြီး ခွင့်ပြုမိန့်ရယူကာ ကုမ္ပဏီများကဖြန့်ချိခဲ့ပါတယ်။ လိုင်းဆေးဝါးဆိုတာက အဆိုပါအမျိုးတူဆေးဝါးကို ကုမ္ပဏီကမတင်သွင်းဘဲ မှောင်ခိုလမ်းကတင်သွင်းကာ ဈေးကွက်မှာ ဖြန့်ချိရောင်းချတာမျိုးပေါ်လာပါတယ်။ ဆေးဝါးအသစ်တင်သွင်းဖို့ခက်ခဲတဲ့ စည်းမျဉ်းတွေက ရှိနေပါတယ်။