ဘာစီလိုနာကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းက မိမိအနေဖြင့် ရည်မှန်းထားသည့်ကစားသမားမျိုး မဖြစ်သေးကြောင်း ဝန်ခံပြောကြားခဲ့သည်။
အသက် (၂၆) နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး အသင်းအတွက် လာလီဂါ (၁၀) ပွဲသာ ကစားထားရသေးပြီး (၁) ဂိုးသာ သွင်းယူထားနိုင်သေးသည်။
ဖရန်ကီဒီယွန်းက မိမိအနေဖြင့် ကစားသမားဘဝတွင် လိုချင်သည့်ဆုကို မရသေးကြောင်းနှင့် ဖြစ်သည့်ကစားသမားမျိုးမဖြစ်သေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ''ကျွန်တော် ရချင်တဲ့ဆုတွေ မရသေးသလို၊ စိတ်ကူးထဲမှာ ဖြစ်ချင်တဲ့ ကစားသမားမျိုးလည်း မဖြစ်သေးပါဘူး။ ကျွန်တော့်အနေနဲ့ ကျွန်တော် ဖြစ်ချင်တာတွေကို ကြိုးစားဖို့ အချိန်တွေရှိသေးသလို၊ အခုထက်လည်း တိုးတက်လာဦးမှာပါ။ ကျွန်တော် ဖြစ်ချင်တာတွေ အမြန်ဆုံးဖြစ်မြောက်လာဖို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။















