ယူရို (၁၃)သန်းဖြင့် ခေါ်ယူနိုင်မည့် ဒီဘားလားကို မန်ယူနှင့် PSG အပြိုင်စိတ်ဝင်စား

ယူရို (၁၃)သန်းဖြင့် ခေါ်ယူနိုင်မည့် ဒီဘားလားကို မန်ယူနှင့် PSG အပြိုင်စိတ်ဝင်စား
Photo: Getty Images
Photo: Getty Images
Published 4 January 2024

ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းနှင့် ပြင်သစ်လီဂူးထိပ်သီး PSG အသင်းတို့သည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ယူရို (၁၃)သန်းဖြင့် ခေါ်ယူနိုင်မည့် ရိုးမားတိုက်စစ်ကစားသမား ဒီဘားလားအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

အသက် (၃၀) အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားသည် ၂၀၂၂ နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းမှ ရိုးမားအသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့သည်။

အဆိုပါစာချုပ်တွင် ရိုးမားအသင်းအနေဖြင့် ဒီဘားလားကို ပြည်ပကလပ်အသင်းများထံပြောင်းရွှေ့မည်ဆိုပါက ယူရို (၁၃)သန်းဖြင့် ပြောင်းရွှေ့ခွင့်ပြုရမည်ဟုဆိုသောအချက်ပါဝင်ပြီး ယင်းအချက်မှာ ၂၀၂၄ ဇန်နဝါရီ (၁) ရက်တွင် စတင် အသက်ဝင်ခဲ့သည်။

Il Corriere dello Sport ၏ဖော်ပြချက်အရ ဒီဘားလားအား ခေါ်ယူရန် ဆော်ဒီကလပ်များက ဆက်သွယ်နေကြသော်လည်း ကစားသမားအနေဖြင့် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့လိုခြင်းမရှိကြောင်း သိရှိရသည်။

မန်ယူအသင်းမှာမူ ဒီဘားလားအား ခေါ်ယူရန် ကာလရှည်စိတ်ဝင်စားနေခြင်းဖြစ်ပြီး ယခုအခါ အားနည်းနေသည့် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် ပြန်လည်စိတ်ဝင်စားလာခြင်းဖြစ်သည်။

PSG အသင်းကလည်း ဘာပေ ထွက်ခွာဖွယ်ရှိသည့် တိုက်စစ်ပိုင်းအတွက် ဒီဘားလားကို ခေါ်ယူလိုနေကြောင်း သိရှိရသည်။ 

Most Read

Most Recent