မော်ရင်ဟိုကို အသင်း၌ ဆက်ရှိစေလိုဟု လော်ရန်းတေး ဆို

မော်ရင်ဟိုကို အသင်း၌ ဆက်ရှိစေလိုဟု လော်ရန်းတေး ဆို
Photo: Getty Images
Photo: Getty Images
Published 4 January 2024

ရိုးမားနောက်ခံကစားသမား ဒီယေဂိုလော်ရန်းတေးက နည်းပြ မော်ရင်ဟိုကို အသင်းတွင် ဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့သည်။

နာမည်ကျော်ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ယခုရာသီကုန်တွင် ရိုးမားအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ရိုးမားအသင်းဘက်က ၎င်းကို စာချုပ်သစ်အတွက် ကမ်းလှမ်းခြင်းမရှိသေးပေ။

လော်ရန်းတေးက '' မော်ရင်ဟိုက ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့သူပါ။ သူက ရိုးမားအသင်းနဲ့ အသင်းပရိသတ်အတွက် ပြီးပြည့်စုံတဲ့နည်းပြလည်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အသင်းမှာ သူ ဆက်နေရင် ပျော်ရွှင်မှာပါ''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent