ဆာဂျင်ရက်ကလစ်ဖ်လက်ထက်တွင်လည်း ကစားသမားအပြောင်းအရွှေ့အတွက် နောက်ဆုံး ဆုံးဖြတ်ခွင့် ဆက်ရရှိရန် မန်ယူနည်းပြ တန်ဟက်ဂ် တောင်းဆိုဖွယ်ရှိ

ဆာဂျင်ရက်ကလစ်ဖ်လက်ထက်တွင်လည်း ကစားသမားအပြောင်းအရွှေ့အတွက် နောက်ဆုံး ဆုံးဖြတ်ခွင့် ဆက်ရရှိရန် မန်ယူနည်းပြ တန်ဟက်ဂ် တောင်းဆိုဖွယ်ရှိ
Photo : Getty Images
Photo : Getty Images
Published 4 January 2024

မန်ယူနည်းပြ တန်ဟက်ဂ်သည် အသင်းရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး အသင်းကိုဦးဆောင်မည့် ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်လက်ထက်တွင်လည်း ကစားသမား အပြောင်းအရွှေ့ကိစ္စရပ်များတွင် နောက်ဆုံး ဆုံးဖြတ်ခွင့်ကို ဆက်လက်ရရှိရန် တောင်းဆိုဖွယ်ရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။

ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်သည် ၂၀၂၃ ဒီဇင်ဘာ (၂၅) ရက်တွင် မန်ယူအသင်း၏ ရှယ်ယာ (၂၅)ရာခိုင်နှုန်းကို ဝယ်ယူပြီးနောက် အသင်း၏ ဘောလုံးနှင့်ပတ်သက်သည့် လုပ်ဆောင်မှုများကို ဦးဆောင်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။

ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ပွဲစဉ်များကို ယခုအချိန်ထိ တက်ရောက်ကြည့်ရှုခြင်း မရှိသေးသော်လည်း ဒီဇင်ဘာ (၂) ရက်(အင်္ဂါနေ့)က အသင်းထံ အလည်အပတ် လာရောက်ခဲ့ကြောင်း သိရသည်။

ရက်ကလစ်ဖ်သည် မန်ယူ အသင်းတွင် ဘောလုံးနှင့်ပတ်သက်သည့်ကိစ္စများကို လုပ်ဆောင်ရန်အတွက် နယူးကာဆယ်အားကစားဒါရိုက်တာဟောင်း အက်ရှ်ဝါ့ချ်နှင့် စပါးအသင်းကစားသမားစုဆောင်းရေးဥက္ကဋ္ဌဖြစ်သူ ပေါလ်မစ်ချယ်လ်တို့ကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။

ရက်ကလစ်ဖ်အနေဖြင့် အက်ရှ်ဝါ့ချ်နှင့် ပေါလ်မစ် ချယ်လ်တို့ကို ခေါ်ယူခဲ့ပါက ၎င်းတို့သည် မန်ယူအသင်း၏ ကစားသမားအပြောင်းအရွှေ့ကိစ္စများကို ဦးဆောင်လုပ်ကိုင် ဖွယ်ရှိနေကြောင်း သိရှိရသည်။

ယင်းအခြေအနေကြောင့် တန်ဟက်ဂ်သည် ကစားသမားအပြောင်းအရွှေ့အတွက် ၎င်းစိတ်ကြိုက်လုပ်ဆောင်ခွင့်ရရှိရန် ဆန္ဒရှိနေခြင်းလည်း ဖြစ်သည်။ ESPN ၏ ဖော်ပြမှုအရ တန်ဟက်ဂ်သည် မန်ယူနည်းပြအဖြစ် ခန့်အပ်ခံရစဉ်က ကစားသမားအပြောင်းအရွှေ့ကိစ္စများတွင် နောက်ဆုံးဆုံးဖြတ်ခွင့်ရှိသည်ဆိုသောအချက် ပါဝင်ကြောင်း သိရှိရသည်။

ထို့ကြောင့် တန်ဟက်ဂ်သည် အဆိုပါအခွင့်အရေးကို ရက်ကလစ်ဖ်လက်ထက်တွင်လည်း ရရှိရန် မျှော်လင့်နေခြင်းဖြစ်သည်။ တန်ဟက်ဂ်သည် ရက်က လစ်ဖ်နှင့်တွေ့ဆုံပါက ယင်းအချက်ကို တောင်းဆိုသွားဖွယ်ရှိကြောင်း သတင်းထွက်နေခြင်းဖြစ်သည်။

Most Read

Most Recent