၂၀၂၃ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အနုပညာရှင်များ၏ မင်္ဂလာပွဲများ

၂၀၂၃ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အနုပညာရှင်များ၏ မင်္ဂလာပွဲများ
Published 2 January 2024

၂၀၂၃ ခုနှစ်တွင် အနုပညာရှင်များ၏ မင်္ဂလာပွဲကျင်းပမှုများ ပြားခဲ့သည်။

ပရိသတ် ချစ်ခင်အားပေးမှုများပြားသည့် ဝတ်မှုန်ရွှေရည်၊ အိချောပို၊ နီနီခင်ဇော်၊ နေဝင်းအစရှိ သူများ၏ မင်္ဂလာပွဲများ အပြိုင်အဆိုင် ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် ဖြစ်ခဲ့သည်။

အနုပညာရှင် ဝတ်မှုန်ရွှေရည်မှာ ၎င်း၏ချစ်သူ နိုင်ဖြိုးကျော်နှင့်အတူ မင်္ဂလာပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဝတ်မှုန်ရွှေရည်၏ ချစ်သူသည် သရုပ်ဆောင် မိုးစက်ဝိုင်၏ အစ်ကိုဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် မင်္ဂလာပွဲကို ငါးကြိမ်ခန့်ပြုလုပ်ခဲ့ပြီး ပရိသတ်များ အားပေးချစ်ခင်နှစ်သက်ခဲ့ကြသည်။

ဝတ်မှုန်ရွှေရည်က ၎င်း၏ချစ်သူနှင့် လက်မှတ်ထိုးပွဲနှင့် မင်္ဂလာဦးဆွမ်းကပ်အလှူကို ဒီဇင်ဘာလအတွင်း စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦး နိုင်ငံခြားတွင် ရိုက်ထားသည့် Pre-Wedding ပုံများ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့သည်။

ယင်းအပြင် သရုပ်ဆောင် အိချောပိုက ချစ်သူဖြစ်သူနှင့် လက်ထပ်ပွဲ ကျင်းပသည့် ပုံရိပ်များကို ဒီဇင်ဘာ ၅ ရက်တွင် ၎င်း၏ Facebook  စာမျက်နှာတွင် ဖော်ပြခဲ့ပြီး အဆိုပါ Post အောက်တွင် ပရိသတ်များက ချစ်ခင်အားပေးသည့် Comments များ ရေးသားခဲ့ကြသည်။

Prestige Wedding Planning ဟု အမည်ပေးကာ ပြုလုပ်ခဲ့သည့် အဆိုတော်နီနီခင်ဇော်၏ မင်္ဂလာပွဲမှာလည်း ၂၀၂၃ ခုနှစ်အတွင်း ထင်ရှားခဲ့သည့် မင်္ဂလာပွဲဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Prestige Wedding Planning ဟု အမည်ပေးထားသည့်  မင်္ဂလာပွဲကို ကမ်းခြေတွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ၎င်းတို့၏ မိတ်ဆွေများ တက်ရောက်ခဲ့သည်။

၁၄ နှစ်ကြာ ချစ်သူအဖြစ် လက်တွဲပြီးနောက် ပြုလုပ်ခဲ့သည့် အဆိုတော် နေဝင်းနှင့် ခရီးသွားဘလော့ဂါ အိမ့်ချစ်ချောတို့၏ မင်္ဂလာပွဲသည်လည်း ၂၀၂၃ ခုနှစ်အတွင်း ပရိသတ်များ ချစ်ခင်အားကျခဲ့ရသည့် မင်္ဂလာ ပွဲတစ်ပွဲဖြစ်ခဲ့သည်။

Most Read

Most Recent