■ အင်တာမိုင်ယာမီသို့ ရိုဟို ပြောင်းရွှေ့လာရန် မက်ဆီ ကြိုးပမ်း

■ အင်တာမိုင်ယာမီသို့ ရိုဟို ပြောင်းရွှေ့လာရန် မက်ဆီ ကြိုးပမ်း
Photo: Getty Images
Photo: Getty Images
Published 29 December 2023

အင်တာမိုင်ယာမီအသင်း၏ တိုက်စစ်မှူး မက်ဆီသည် အာဂျင်တီးနားလက်ရွေးစင်အသင်း ဖော်ဟောင်းဖြစ်သည့် နောက်ခံလူ ရိုဟိုကို အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့လာရန် ကြိုး ပမ်းနေကြောင်း သိရသည်။ 

မန်ယူကစားသမားဟောင်းလည်းဖြစ်သည့် ရိုဟို(၃၃ နှစ်)သည် လက်ရှိအချိန်တွင် ဘိုကာဂျူနီယာအသင်း၌ ကစားနေသူဖြစ်သည်။ 

၎င်းသည် အင်တာမိုင်ယာမီအသင်း ခေါ်ယူလိုသည့် ပစ်မှတ်ကစားသမားစာရင်းထဲတွင် ပါဝင်နေကြောင်းလည်း သိရသည်။  

ရိုဟိုကို အာဂျင်တီးနားလူမျိုးဖြစ်သည့် အင်တာမိုင်ယာမီနည်းပြ မာတီနိုကလည်း ခေါ်ယူရန် ဆန္ဒရှိနေသည့်အတွက် အပြောင်းအ ရွှေ့ဖြစ်ပေါ်လာဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent