မြန်မာနိုင်ငံရှိ အိမ်ထောင်စုရာခိုင်နှုန်း အတော်များများသည် အစားအစာမလုံလော က် မှုနှင့် ရင်ဆိုင်နေရသည့်အတွက် မြန်မာနိုင် ငံသည် စားနပ်ရိက္ခာဖူလုံမှုနှင့် အာဟာရ ပြည့်ဝမှု ယိုယွင်းလာခြင်းကို ကြုံတွေ့နေရ ကြောင်း ကမ္ဘာ့ဘဏ်၏ Myanmar : Compounding Food Security Challengesအစီ ရင်ခံစာတွင် ဖော်ပြထားသည်။
စိုက်ပျိုးရေးကဏ္ဍအခြေအနေအရ မြန်မာနိုင်ငံအနေဖြင့် ယင်းပြည်သူများ၏ ဝမ်းစာ ဖူလုံရေးအတွက် ပံ့ပိုးနိုင်စွမ်းသည် စိုက်ပျိုးရေးကဏ္ဍတွင် ရင်ဆိုင်နေရသော အကျပ်အတည်းများ၏ ခြိမ်းခြောက်မှုကို ခံနေရသည်။ စိုက်ပျိုးဧက လျော့ကျလာခြင်း၊ ဆန်စပါးအ ပေါ် မှီခိုမှုနှင့် ကောက်ပဲသီးနှံအမျိုးအစား နည်းပါးမှုတို့ကြောင့် အခြေအနေကိုပိုမိုဆိုး ရွားစေသည်။ နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် ဓာတ်မြေသြဇာနှင့် လယ်ယာလုပ်သားရရှိနိုင် မှုအခက်အခဲများကြောင့် ရင်ဆိုင်ကြုံတွေ့နေ ရသည့်အခက်အခဲများမှာ ပို၍သာ ဆိုးရွားလာ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၁၈ လတာကာလအတွင်း ငွေ ကြေးဖောင်းပွမှုနှုန်း လျင်မြန်စွာ မြင့်တက် လာခြင်းကြောင့် အိမ်ထောင်စုများ၏ အခြေ ခံစားသောက်ကုန်များ ဝယ်ယူနိုင်စွမ်းကို ထိ ခိုက်စေကာ စိုက်ပျိုးရေးလုပ်ငန်း ရင်းနှီးမြှုပ် နှံမှုများကို နှေးကွေးသွားစေခဲ့သည်။အရေး ကြီးသည့်အခြေခံစားသောက်ကုန်စျေးနှုန်း များ အထူးသဖြင့် ဆန်နှင့်ပဲမျိုးစုံစျေးနှုန်းများ ဆက်တိုက်ကြီးမြင့်လာနေခြင်းကလည်း အ စားအစာရရှိနိုင်မှုနှင့် ကုန်ကျစရိတ်တို့အပေါ် ဖိအားများ ဖြစ်ပေါ်၍ နိုင်ငံ၏ စားနပ်ရိက္ခာဖူ လုံနိုင်စွမ်းကို ခြိမ်းခြောက်နေခဲ့သည်။ နိုင်ငံ ခြားငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်ခြင်းနှင့် လောင်စာဆီစျေးနှုန်း မြင့်တက်ခြင်းကဲ့သို့ သော အကျပ်အတည်းများ ဖြစ်ပေါ်လာနိုင် သဖြင့် မူလကျပ်တည်းနေသည့် အခြေအနေ ကို ပိုမိုဆိုးရွားစေနိုင်သည်ဟုလည်း ကမ္ဘာ့ ဘဏ်က ထောက်ပြထားသည်။
ကုန်သွယ်ရေးအနေဖြင့်လည်း မူဝါဒ အပြောင်းအလဲများနှင့် ကုန်သွယ်ရေးအခက် အခဲများကြောင့် ဆန်စပါးပြည်ပတင်ပို့မှုကျ ဆင်းလာခြင်းသည်လည်း ပြည်တွင်းစားနပ် ရိက္ခာ ဖူလုံနိုင်မှုကို ပိုမိုထိခိုက်စေနိုင်သည်။ စိုက်ပျိုးရေးသွင်းအားစုများ တင်သွင်းမှုအ ပေါ် ကန့်သတ်ချက်များ ချမှတ်လိုက်ခြင်း ကြောင့်လည်း သွင်းအားစုစျေးနှုန်းများ ကြီး မြင့်လာသည့်ဒဏ်ကို လယ်သမားများ ရင် ဆိုင်ခဲ့ကြရသည်။
အဆိုပါအခက်အခဲများကို ကိုင်တွင် ဖြေ ရှင်းမည်ဆိုပါက အခြေခံကောက်ပဲသီးနှံ သွင်း အားစုများအား ထောက်ပံ့ပေးခြင်းနှင့် ရိတ် သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များ ဥပမာ သီးနှံပြုပြင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ် လုပ်ခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း၊ ထုပ်ပိုး ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စျေးကွက်သို့ တင်ပို့ခြင်းစသည်တို့ကို ပိုမိုတိုးတက်ကော င်း မွန်အောင် လုပ်ဆောင်ရန် လိုအပ်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှု သည် ဘေးအန္တရာယ်ထိခိုက်နိုင်ခြေလျှော့ ချနိုင်ရေး ကြိုးပမ်းလုပ်ဆောင်မှုများနှင့် စိုက် ပျိုးရေးအတွက် အကာအကွယ်ပေးသော အာ မခံလုပ်ငန်းတို့ကို နှောင့်နှေးစေသည်သာမ က တောင်သူများအနေဖြင့် ငွေကြေးအ ထောက်အပံ့ရယူနိုင်မှုနှင့် အာမခံအကာအ ကွယ်ရရှိနိုင်မှုတို့ကို အဟန့်အတားဖြစ်စေ သည်။ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပဋိပက္ခဖြစ်ပွားမှုအခြေအနေတို့ကြောင့် ပြည် တွင်းရွှေ့ပြောင်းနေထိုင်မှုများ မြင့်တက်လာ ခြင်းက စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက် လာသည်။
မြန်မာနိုင်ငံရှိ အိမ်ထောင်စုရာခိုင်နှုန်း အတော်များများသည် အစားအစာမလုံလော က်မှုနှင့် ရင်ဆိုင်နေရသည့်အတွက် မြန်မာနိုင် ငံသည် စားနပ်ရိက္ခာဖူလုံမှုနှင့် အာဟာရ ပြည့်ဝမှု ယိုယွင်းလာခြင်းကို ကြုံတွေ့နေရ သည်။
သယ်ယူပို့ဆောင်ရေးအခက်အခဲများ ၊ အစားအစာရရှိနိုင်မှု၊ ဝယ်ယူသုံးစွဲနိုင်မှု၊ ကုန် စည်ပို့ဆောင်ရေးအခက်အခဲများနှင့် ကုန်စည် ပြတ်လပ်မှုများကြောင့် အခြေခံစားသောက် ကုန်များ ရရှိနိုင်မှုအခက်အခဲများ ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ အဆိုပါစိန်ခေါ်မှုများ သာမက ကုန်စျေးနှုန်းကြီးမြင့်လာခြင်းနှင့် လယ်ယာမှ ဝင်ငွေကျဆင်းလာခြင်းတို့ကြောင့် အစားအသောက်ကုန်ကျစရိတ် ခြိုးခြံချွေတာ ရခြင်း၊ အကြိမ်ရေလျှော့စားရခြင်းတို့အပါအဝင် အမျိုးမျိုးသော ဖြေရှင်းသည့်နည်းလမ်း များ အသုံးပြုလာကြရကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ကျေးလက်ဒေသများတွင် အာဟာရ ပြည့်ဝသော အစားအစာများစားသုံးမှုနှင့် အ စားအစာအမျိုးအစား စုံလင်စွာစားသောက် မှု လျော့ကျလာခြင်းကလည်း အစာအာဟာရ မပြည့်ဝမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့် တက်လာစေသည်။ ပဋိပက္ခဒဏ်သင့်ဒေသ များတွင် အပြင်မထွက်ရအမိန့်များ၊ သယ်ယူ ပို့ဆောင်ရေး အခက်အခဲများ၊ လုံခြုံရေးအ ခြေအနေဆိုးရွားလာမှုနှင့် ရာဇဝတ်မှုများ မြင့်တက်လာခြင်းကလည်း စားနပ်ရိက္ခာအ ကျပ်အတည်းကို ပိုမိုကြီးမားစေကြောင်း၊ အဆို ပါအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် အာဟာရဆိုင်ရာဗဟုသုတများ၊ အိမ် တွင်းသီးပင်စားပင်နှင့် ဥယျာဉ်ခြံမြေစိုက်ပျိုး ခြင်းများနှင့် အသေးစားမွေးမြူရေးလုပ်ငန်း များအတွက် နည်းပညာပံ့ပိုးမှုများလည်း လို အပ်ကြောင်း ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားသည်။
စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး၊ သက် မွေးဝမ်းကျောင်းနှင့် လူမှုဘဝတည်ငြိမ်မှု အတွက် အရေးပါသော ကဏ္ဍတစ်ခုအဖြစ် ဆက်လက်ဖြစ်နေဆဲဖြစ်သည်။ ၂၀၂၀ ပြည့် နှစ်မတိုင်ခင်က စိုက်ပျိုးရေးသည် နိုင်ငံ၏ စုစုပေါင်း ထုတ်ကုန်ပမာဏ GDP နှင့် ကုန် သွယ်ပို့ကုန်ပမာဏ၏ ရာခိုင်နှုန်း ၃၀ နီးပါး ရှိခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံရှိလုပ် သားဦးရေ၏ ရာခိုင်နှုန်း ၅၀ ခန့်ကို အလုပ် အကိုင် ပေးထားသကဲ့သို့ ကျေးလက်လူဦး ရေ၏ ရာခိုင်နှုန်း ၇၀ ခန့် မှီခိုအားထားရာ အ ဓိကအလုပ်အကိုင်ကဏ္ဍကြီးဖြစ်သည်။ စိုက် ပျိုးရေး၏ ရှေ့ပြေးနှင့် နောက်ခံချိတ်ဆက်နေ မှုများကို ထည့်သွင်းလိုက်ပါက စိိုက်ပျိုးစား နပ်ရိက္ခာစနစ်သည် စုစုပေါင်း GDP ၏ ၄၂ ရာခိုင်နှုန်းနှင့် စုစုပေါင်းအလုပ်အကိုင်အ ရေအတွက်၏ ၅၈ ရာခိုင်နှုန်း ပါဝင်နေသည်။
အဆက်မပြတ်ရင်ဆိုင်ကြုံတွေ့လာရ သည့် အကျပ်အတည်းများကြောင့် စိုက်ပျိုး ရိက္ခာထွက်ကုန်ကဏ္ဍ အထူးသဖြင့်ကျေးလက် ဒေသနေ နွမ်းပါးသော ပြည်သူများ ပြင်းထန် စွာ ထိခိုက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။
တစ်ဖက်တွင် လျော့နည်းလာသည့် ဝင် ငွေနှင့် မြင့်တက်လာသည့် ကုန်စျေးနှုန်းများ ကြောင့် စားနပ်ရိက္ခာစျေးနှုန်းများနှင့် ဝယ်ယူ စားသောက်နိုင်စွမ်းကို များစွာထိခိုက်စေ သည်။
အခြားတစ်ဖက်တွင် မြင့်တက်လာသည့် သွင်းကုန်စျေးနှုန်းများ၊ အထူးသဖြင့် ဓာတ် မြေသြဇာနှင့် လောင်စာဆီစျေးနှုန်းများက စိုက်ပျိုးကုန်ထုတ်နိုင်မှုအပေါ် ထိခိုက်စေ ခြင်း၊ လယ်သမားများစွာက အရေးကြီးသည့် သွင်းအားစုများ လျှော့ချသုံးစွဲလာရခြင်း၊ အ ချို့သော အခြေအနေများတွင် စိုက်ပျိုးပမာ ဏ လျှော့ချခြင်းတို့ တွေ့ရှိရသည်။ ခြုံငုံသုံးသပ် ကြည့်ပါက စိုက်ပျိုးရေးကဏ္ဍသည် ၂၀၂၁ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း ကျု့ံသွားကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၂၁ ခုနှစ်စစ်တမ်းအရ သိရ သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စပါး စိုက်ပျိုးမြေဧရိယာသည် ပြီးခဲ့သည့် သုံးနှစ် တာကာလနှင့် နှိုင်းယှဉ်လျှင် ခုနစ်ရာခိုင်နှုန်း လျော့ကျသွားသည်ဟု ခန့်မှန်းခဲ့သည်။
၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပြည်ပပို့ကုန် သီးနှံဖြစ်သော စပါးကိုဧက ၁၇ ဒသမ ၄ သန်း စိုက်ပျိုးခဲ့ပြီး အထွက်တင်းပေါင်း ၁၃၁၅ သန်း ထုတ်လုပ်နိုင်ခဲ့ကာ အခြားအရေးကြီးသီးနှံ များဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့်အစေ့ ထုတ်ပြောင်းစသည့်သီးနှံမျိုးစုံတို့ကို နိုင်ငံတစ် ဝန်း စုစုပေါင်းစိုက်ဧက ၄၈ ဒသမ ၄၀ သန်း အထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ သီးနှံစုံထွက်ရှိသည့် ပမာဏသည် ယခင်ပုံမှန်ထွက်ရှိမှုထက် သိ သိသာသာလျော့ကျမှုမရှိဘဲ စပါးအစေ့ထုတ် ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် ချည်မျှင်ရှည် ၀ါတို့သည် ယခင်နှစ်ထက် ပိုမိုထွက်ရှိခဲ့ ကြောင်း ၂၀၂၂ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးထွက် ကုန်များအနေဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံပို လျှံခဲ့ပြီးဆန်ဖူလုံ မှု ၁၅၄ ဒသမ ၃၃ ရာခိုင်နှုန်း၊ စားသုံးဆီဖူလုံမှု ၁၂၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ပဲမျိုးစုံဖူလုံမှု ၅၁၂ ရာခိုင်နှုန်းအထိ ရရှိခဲ့ သဖြင့် လယ်ယာထွက်ကုန်တင်ပို့မှုများသည် နိုင်ငံ၏စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၂၈ ဒသမ ၈ ရာခိုင်နှုန်းအထိ ကိုယ်စားပြုနိုင်ခဲ့ပြီး ဒေ သ တွင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံမှုကို ပံ့ ပိုးပေးနိုင်ခဲ့ကြောင်း ၂၀၂၃ ခုနှစ် ကမ္ဘာ့စား နပ်ရက္ခာနေ့အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးမင်းနောင်က ပြောကြား ထားသည်။
မြန်မာနိုင်ငံအနေဖြင့် အယ်လ်နီညို ဖြစ် စဉ်ကြောင့် အပူလွန်ကဲခြင်း၊ မြေပေါ်ရေ ကန်များ ဆောလျင်စွာခန်းခြောက်ခြင်း၊ မြေ အောက်ရေများရေမျက်နှာပြင် နိမ့်ကျခြင်း များ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေနှင့်သောက် သုံးရေအခက်အခဲများ ဖြစ်ပေါ်လာနိုင်သဖြင့် စိုက်ပျိုးထုတ်လုပ်မှုများတွင် ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရေးနှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်နှင့် ရေတံခါးတို့မှ သိုလှောင်ရေအခြေ အနေအပေါ်မူတည်၍ နွေစပါးစိုက်ပျိုးရေပေးဝေခြင်းနှင့် ဒေသတွင်းသောက်သုံးရေ ပေးဝေခြင်းများကို ကြိုတင်ချိန်ဆပြင်ဆင် ထားရှိစေပြီးဖြစ်ကြောင်း ၎င်းင်းကဆက်လက် ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအထိရှိနေ နိုင်သည့် အယ်လ်နီညိုသက်ရောက်မှုအတွက် ဒေသတွင်းနိုင်ငံများနည်းတူ မြန်မာနိုင်ငံအတွက်အကျိုးရှိနိုင်မည့် စီမံဆောင်ရွက်ချက် များကို ဆက်စပ်ဌာနဆိုင်ရာများ၊ ပြည်သူများ၊ တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။