မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် Denko စက်သုံးဆီ အရောင်းဆိုင် မန်နေဂျာထံ တယ်လီဖုန်းဖြင့်  ခြိမ်းခြောက်ပြောဆို ငွေတောင်းခံ

မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် Denko စက်သုံးဆီ အရောင်းဆိုင် မန်နေဂျာထံ တယ်လီဖုန်းဖြင့်  ခြိမ်းခြောက်ပြောဆို ငွေတောင်းခံ
မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် ရှိDenko စက်သုံးဆီအရောင်းဆိုင် - Photo - ကိုဇော်မင်း (မိုးချယ်ရီ)
မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် ရှိDenko စက်သုံးဆီအရောင်းဆိုင် - Photo - ကိုဇော်မင်း (မိုးချယ်ရီ)
Published 21 December 2023
သတင်း - ဘိုဘိုမြင့်

မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးအနီးရှိ Denko စက်သုံးဆီအရောင်းဆိုင်မှ မန်နေဂျာထံ ဒီဇင်ဘာ ၂၀ ရက်တွင် အမျိုးသားတစ်ဦးက တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ကာ ငွေတောင်းခံခဲ့ကြောင်း သတင်းရရှိသည်။

 “၄င်းမှာ လက်နက်ကိုင်အဖွဲ့အစည်းကဘဲ။ ငွေသိန်း (၅၀) ပေး” ဟု မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် Denko စက်သုံးဆီ အရောင်းဆိုင် မန်နေဂျာထံ အမျိုးသားတစ်ဦးက တယ်လီဖုန်းဖြင့်  ခြိမ်းခြောက်ပြောဆိုကာ ငွေတောင်းခံမှု ဖြစ်ပွားခဲ့ကြောင်း ၄င်း စက်သုံးဆီဆိုင််နှင့် နီးစပ်သူတစ်ဦးမှ ပြောကြားသည်။

 ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အပြင်၊ ဖုန်း Messages ကနေပြီးလည်း “လက်ပစ်ဗုံးနဲ့ဆိုရလား။ ဒီညစောင့်ကြည့်” ဆိုပြီး Message ပို့ခဲ့ကြောင်း  ၄င်း စက်သုံးဆီဆိုင််နှင့် နီးစပ်သူတစ်ဦးမှ ပြောကြားသည်။

ထိုသို့ Denko စက်သုံးဆီဆိုင် မန်နေဂျာ ခြိမ်းခြောက်ခံရမှုကြောင့် ဒီဇင်ဘာ ၂၀ ရက်) ညပိုင်းက  Denko စက်သုံးဆီအရောင်းဆိုင်အနီးတွင် လုံခြုံရေး ရဲတပ်ဖွဲ့များက စစ်ဆေး စောင့်ကြည့်မှုများ လုပ်ဆောင်ခဲ့ရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦး၏ ပြောကြားချက်အရ ပြောကြားသည်။

 

 

Most Read

Most Recent