ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ နမ့်စလပ်နှင့် မုံးကျက်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မုံးကျက်စခန်းနေရာအား ရွှေ့ပြောင်းခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ နမ့်စလပ်နှင့် မုံးကျက်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မုံးကျက်စခန်းနေရာအား ရွှေ့ပြောင်းခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 24 November 2023

ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ နမ့်စလပ်နှင့် မုံးကျက်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မုံးကျက်စခန်း နေရာအားနေရာရွှေ့ပြောင်းခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာ ၂၄ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာတော့ နမ့်စလပ်မှာ ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားတာရှိပါတယ်။ မုံးကျက်မှာတော့ စခန်းနေရာကို နေရာရွှေ့ပြောင်းခဲ့တာရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီးလည်း နမ့်စလပ်နဲ့ မုံးကျက်မှာ MNDAA ၊TLNA အဖွဲ့က အကျအဆုံးများစွာရှိပါတယ်။ ဒါကြောင့်လည်းဒီနေမှာလည်း ဓာတုဗုံးတွေသုံးနေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုး ထွက်ပေါ်လာတာရှိပါတယ်။ သူတို့အနေနဲ့ သူတို့အထိနာပြီဆိုရင် ဒီလိုမျိုးပြောဆိုချက်မျိုး၊ စွပ်စွဲချက်မျိုး အမြဲတမ်းရှိနေတာပဲဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လောက်ကိုင်မြို့ပတ်ဝန်းကျင်တွင် နေရာသုံးခု၌ ထိတွေ့မှုများရှိခဲ့ပြီး တာမိုးညဲဘက်တွင်လည်း ဒရုန်းများအသုံးပြု၍ Drop Bomb ချပြီး တိုက်ခိုက်နေခြင်းများရှိကြောင်း ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဗောဓိတစ်ထောင်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းရှိကြောင်း၊ ရေဦး အောင်သာယာဘက်တွင်လည်း ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် PDF များထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းနှင့် ထိတွေ့မှုဖြစ်စဉ်နှစ်ခုစလုံးတွင် PDF များ အကျအဆုံးဖြင့်ဆုတ်ခွာသွားကြောင်း ၎င်းကဆိုသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက“ကရင်ပြည် နယ်ဘက်မှာတော့ ဒီမနက်မှာ ထီးထစခန်းကို အင်အား အလုံးအရင်းသုံးပြီး KNU ၊ PDF အဖွဲ့တွေအနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ အကျအဆုံးများစွာနဲ့ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားတာ ရှိပါတယ်။ လက်နက်များလည်း သိမ်းဆည်းရမိခဲ့ပါတယ်”ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် NUG ၊ PDF အဖွဲ့များမှ အချိန်ကောင်းအခါကောင်းဟုဆိုကာ ကောလဟလမျိုးစုံ ထုတ်လွှင့်၍ လုပ်ငန်းများဆောင်ရွက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် သတိရှိရန်အရေးကြီးကြောင်း ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent