တရုတ်နိုင်ငံက  ဖမ်းဆီးရန်အလိုရှိစာရင်းတွင်ပါဝင်သည့် မြီရှောက်ချန်း အပါအဝင် လေးဦးကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးက ဖမ်းဝရမ်းထုတ်

တရုတ်နိုင်ငံက  ဖမ်းဆီးရန်အလိုရှိစာရင်းတွင်ပါဝင်သည့် မြီရှောက်ချန်း အပါအဝင် လေးဦးကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးက ဖမ်းဝရမ်းထုတ်
Published 15 November 2023

တရုတ်နိုင်ငံက ဖမ်းဆီးရန်အလိုရှိစာရင်းတွင်ပါဝင်သည့် မြီရှောက်ချန်းအပါအဝင် လေးဦးကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရသည်။

တရုတ် - မြန်မာ နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ လူပြန်ပေးမှုများ အပါအဝင် တရားမဝင်ချုပ်နှောင်မှုများကို ကျူးလွန်နေသော မြီရှောက်ချမ်းနှင့်သားဖြစ်သူ မြီကော်ဖျင်း(ခ)မြီရှောက်ဖျင်း၊ သမီးဖြစ်သူ မြီကျွီလန်နှင့် မြေးဖြစ်သူ မြီကျိန်းကျိန်းတို့ကို ဥပဒေအရအရေးယူနိုင်ရန်အတွက် နိုဝင်ဘာ ၁၅ ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကပါ ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊အားပေးကူညီခြင်းများကိုကျူးလွန်နေသည့် မြီရှောက်ချန်း၊ မြီကော်ဖျင်း(ခ)မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန်းတို့ကို ဥပဒေအရ အရေးယူနိုင်ရန် ဖမ်းဝရမ်းထုတ်ဆင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသတွင်  အွန်လိုင်းလိမ်လည်မှုများ၊ လူပြန်ပေးမှုများ အပါအဝင် တရားမဝင် ချုပ်နှောင်မှုများကို ကျူးလွန်နေသော မြီရှောက်ချန်းနှင့် ၎င်း၏မိသားစုဝင်သုံးဦးကို တရုတ်ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာနကလည်း ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူများကို ဆုငွေချီးမြှင့်ဟုလည်း ထုတ်ပြန်ထားသည်။

Most Read

Most Recent