ပလက်ဝမြို့မြောက်ဘက်တွင် တိုက်ပွဲဖြစ်ပွားပြီး ရခိုင်ပြည်နယ်အတွင်း အင်အားနည်းသည့် လုံခြုံရေးစခန်းငယ်များကို ပေါင်းစည်းထားကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပလက်ဝမြို့မြောက်ဘက်တွင် တိုက်ပွဲဖြစ်ပွားပြီး ရခိုင်ပြည်နယ်အတွင်း အင်အားနည်းသည့် လုံခြုံရေးစခန်းငယ်များကို ပေါင်းစည်းထားကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 14 November 2023

ချင်းပြည်နယ် ပလက်ဝမြို့မြောက်ဘက်တွင် နိုဝင်ဘာ ၁၄ ရက်  နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း အင်အားနည်းသည့် လုံခြုံရေးစခန်းငယ်များကို ပေါင်းစည်းထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။

နိုဝင်ဘာ ၁၄ ရက် တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းရာတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက“ပလက်ဝရဲ့ မြောက်ဘက်နှုံးဘူးကို မနက် ၁၁ နာရီ ၄၅ လောက်မှာ လာရောက်တိုက်ခိုက်ခဲ့တာရှိတယ်။ ပြီးရင်ရန်သူအနေနဲ့အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားတာမျိုးရှိပါ တယ်။ တစ်ချို့သော ရခိုင်ပြည်နယ်ထဲက အင်အားနည်းတဲ့ ရဲတပ်ဖွဲ့လုံခြုံရေးယူနေတဲ့ စခန်းတွေကို ကျွန်တော်တို့ပြန်ပြီးတော့ ပေါင်းထားတာရှိတယ်။ ဒါတွေကိုလည်း သူတို့အနေနဲ့တိုက်ခိုက် သိမ်းပိုက်ရမိပြီဆိုပြီးတော့ ၀ါဒဖြန့်တာရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အင်အားနည်း စခန်းလေးများကို စစ်နည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းမှုလုပ်နေတာရှိတယ်ဟု ပြောကြားသည်။

ထို့ပြင် နိုဝင်ဘာ ၁၄ ရက်တွင် ရှမ်းပြည်နယ် အရှေ့မြောက်ဘက်တာရွှေထန်တွင် ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်၌ နယ်ခြားစောင့်ရဲစခန်းအချို့ကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

Most Read

Most Recent