ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၂၀၀ ဝန်းကျင်ရှိနေ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၂၀၀ ဝန်းကျင်ရှိနေ
Published 10 November 2023

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၂၀၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

သို့ရာတွင် ငွေလဲကောင်တာအချို့မှာ အရောင်းအဝယ် ပိတ်ထားကြောင်းစုံစမ်း သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာဝယ်ရောင်းစျေးက ၃၂၀၀ ကျော်မှာ ရှိနေပါတယ်။ ခုနေ့လည်မှာတော့ တစ်ဒေါ်လာ ၃၂၀၀ ကျပ်ဝန်းကျင်နဲ့ပြန်ရောင်းနေတာကို တွေ့ရပါတယ်”ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

စက်တင်ဘာ ၂ရရက် ညနေပိုင်း ပြင်ပစျေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၃ သိန်းဝန်းကျင်တွင်ရှိနေပြီး ထိုင်းဘတ်ငွေစျေးအနေဖြင့် ဘတ်ပေးကျပ်ယူ ၁၁၁၅၊ ကျပ်ပေးဘတ်ယူ ၁၀၉၅ ဝန်းကျင်၊  မလေးရှား ၇၂၀  ဝန်းကျင်၊ တရုတ်ငွေ ၄၄၀ ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။

စက်တင်ဘာ ၁၆ရက်တွင် ထိုင်းဘတ်စျေးအနေဖြင့် ဘတ်ပေးကျပ်ယူ ၁၀၆၀ (တစ်သိန်း)၊ကျပ်ပေး ဘတ်ယူ ၁၀၄၀ (တစ်သိန်း)ဝန်းကျင်ထိ ပြန်လည်ရောက်လာခဲ့ကြောင်း သိရသည်။

 နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည် ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ထုတ်ပြန်ထားသည်။

Most Read

Most Recent