မေလရဲ့ နေ့လေးတစ်နေ့မှာ ယာဂန်ကလော့ပ်ရင်ထဲ ပူလောင်နေပေါ့။ ရီးယဲလ်ကို ချန်ပီယံလိဂ်ဖိုင်နယ်မှာ အညံ့ခံရပြီးနောက် နာရီအတန်ကြာတဲ့အထိ ပါရီက ဟိုတယ်ခန်းထဲ ယာဂန်ကလော့ပ် ငိုင်နေမိတယ်။ သူနဲ့အတူတွဲမြင်နေကျ ဘေ့စ်ဘောဦးထုပ်ကို နောက်ပြန်ဆောင်းထားရင်း သက်ပြင်းပူတွေ မှုတ်ထုတ်နေလေရဲ့။ သူ့နာမည် ရေးထိုးထားတဲ့ သိပ်မကြာခင်မှာ Hand Made အိတ်လေး(ကျနော်တို့ဆီက ချည်ထိုးအိတ်မျိုးပါ)ကို ကိုင်ပြီး ဟိုတယ်အခန်းထဲကနေ ထွက်လိုက်တယ်။ အဲဒီအိတ်လေးနာမည်ဟာ Mochila ပါ။ ကိုလံဘီယာနာမည်ကျော် ရိုးရာလက်မှုလုပ်ငန်း Wayuu ရဲ့ ထုတ်ကုန်တစ်ခုပါပဲ။ Wayuu အမျိုးသမီးတွေရဲ့ လက်ရာဖြစ်ပြီး ဒီအိတ်လေးကို လူးဝစ်ဒီယက်ဇ်က ယာဂန်ကလော့ပ်ဆီ လက်ဆောင်ပေးခဲ့တာပါ။
■ လူးဝစ်ဒီယက်ဇ်က ကိုလံဘီယာမှာ ဘယ်လောက်အရေးပါလဲ (၁)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















