ပြည်ပနိုင်ငံကြီးအချို့၏ ဘက်ပေါင်းစုံမှ ဖိအားပေးအကျပ်ကိုင်မှုများကြောင့် ပြည်တွင်းပြည်ပကုန်သွယ်ရေးများ ထိခိုက်ခဲ့သဖြင့် နိုင်ငံ့စီးပွားတိုးတက်သင့်သလောက် မတိုးတက်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြား 

ပြည်ပနိုင်ငံကြီးအချို့၏ ဘက်ပေါင်းစုံမှ ဖိအားပေးအကျပ်ကိုင်မှုများကြောင့် ပြည်တွင်းပြည်ပကုန်သွယ်ရေးများ ထိခိုက်ခဲ့သဖြင့် နိုင်ငံ့စီးပွားတိုးတက်သင့်သလောက် မတိုးတက်ခဲ့ကြောင်း နစကဥက္ကဋ္ဌ ပြောကြား 
Published 8 November 2023

ပြည်ပနိုင်ငံကြီးအချို့၏ ဘက်ပေါင်းစုံမှ ဖိအားပေးအကျပ်ကိုင်မှုများကြောင့် ပြည်တွင်းပြည်ပကုန်သွယ်ရေးများ ထိခိုက်ခဲ့သဖြင့် နိုင်ငံ့စီးပွားတိုးတက်သင့်သလောက် မတိုးတက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

နိုဝင်ဘာ ၇ ရက်တွင် ကျရောက်သည့် (၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးပင်ဖြစ်သည့်အတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်ခိုင်မာစေရေး အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားမိဘပြည်သူများကလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ 

NCA နှင့်ပတ်သက်၍ နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့သည် ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြသည့်အတွက် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ရကြောင်း ၎င်းက ဆိုသည်။ 

ထို့ပြင် နိုင်ငံတော်၏စီးပွားရေးကဏ္ဍကို ကြည့်မည်ဆိုလျှင် ပြည်တွင်းစီးပွားရေးနှင့် ပြည်ပစီးပွားရေး နှစ်ခုရှိပြီး ကိုဗစ်ကာလအတွင်း ကုန်ထုတ်လုပ်မှုများ အားနည်းခဲ့သည့်အပြင် ပို့ဆောင်ရေး ဆိုင်ရာလုပ်ငန်းရပ်များတွင်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့ရကြောင်း၊ အလားတူ ပြည်ပနိုင်ငံကြီး အချို့၏ ဘက်ပေါင်းစုံမှ ဖိအားပေးအကျပ်ကိုင်မှုများကြောင့် ပြည်တွင်းပြည်ပကုန်သွယ်ရေးများကိုလည်း ထိခိုက်စေခဲ့ပြီး နိုင်ငံ့စီးပွားတိုးတက်သင့်သလောက် မတိုးတက်ခဲ့ကြောင်းတွေ့ရှိခဲ့ရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ဝိုင်းဝန်းပိတ်ဆို့မှု၊ ဖျက်လိုဖျက်ဆီးလုပ်မှုများအကြားမှ နိုင်ငံ့စီးပွားရေးကို ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့ရကြောင်း၊ ၂၀၁၉-၂၀၂၀ တို့တွင် နိုင်ငံ့ GDP တိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၁-၂၀၂၂ တွင် အပေါင်း ၃ ရာခိုင်နှုန်းအထက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယင်းကာလအတွင်း၌ လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အအုံများကို အကြမ်းဖက်သမားများက ဖျက်ဆီးခဲ့မှုကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့်ဘဏ္ဍာငွေများကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၌  သုံးခဲ့ရသဖြင့် စီးပွားရေးတိုးတက်မှု ရသင့်သလောက်မရခဲ့သည်ကို တိုင်းရင်းသား မိဘပြည်သူများ အားလုံးသိရှိပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ထို့ပြင် နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် လက်တွေ့ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ တိုးတက်အောင်မြင်မှုရရှိစေရန် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  အဆိုပါလုပ်ငန်းများကို နည်းပညာများနှင့်ပေါင်းစပ်ပြီး တန်ဖိုးမြင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း အခြေခံရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော MSME လုပ်ငန်းများကို ပြည်နယ်အစွန်အဖျားပါမကျန် နိုင်ငံတစ်ဝန်းအကြား အလပ်မရှိဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည့်အတွက် ကရင်ပြည်နယ်အပါအဝင် တခြားတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များကလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားလုံးအမြင်ကျယ်ကျယ် ရှုမြင်သုံးသပ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ 

Most Read

Most Recent