မက်ဆီနဲ့ Ballon d'Or ဂယက်

မက်ဆီနဲ့ Ballon d'Or ဂယက်
Photos: AFP
Photos: AFP
Published 4 November 2023
AK

မှော်ဆန်လွန်းတဲ့ အကြီးမြတ်ဆုံးကစားသမားမက်ဆီက Ballon d'Or ဆုကို ရှစ်ကြိမ်မြောက် စံချိန်တင်ဆွတ်ခူးနိုင်ခဲ့ပါပြီ။ စစ်မှန်လွန်းတဲ့ GOAT တစ်ဦးဆိုတာ သက်သေထပ်ပြခဲ့ပါပြီ။ အသက် (၃၆) နှစ်အရွယ်မှာ အာဂျင်တီးနားနဲ့အတူကမ္ဘာ့ချန်ပီယံဖြစ်ပြီးနောက် မက်ဆီဟာ Ballon d'Or ဆွတ်ခူးလိုက်တာဟာ ဘယ်တော့မှမသေဆုံး မယ့် ဂန္ထဝင်တစ်ဦးဆိုတာ သရုပ်ဖော်လိုက်တာပါပဲ။ ကမ္ဘာတည်သရွေ့ထာဝရတည်မြဲနေမယ့် မှော်ဆရာမက်ဆီရဲ့ ကောင်းခြင်းမင်္ဂလာပါပဲ။ တချို့ကလည်း 2023 Ballon d'Or ဆုပေးပွဲဟာ ရုပ်ရှင်ဆန်လွန်းတယ်ဆိုပြီး ဝေဖန်ကြတယ်။ ဆုပေးပွဲမတိုင်ခင်ကတည်းက မက်ဆီရမယ်ဆိုတာ လူတွေကြိုသိနေကြတယ်။ မက်ဆီရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အလက်ဆန်ဒရိုဒေ့ါဆက်က ဆုပေးပွဲမတိုင်ခင်ကတည်းက မက်ဆီပဲ ရမယ်ဆို ပြီး တဖွဖွပြောနေတာပါ။ Sky Sports က ကာရေဂါကလည်း Show တစ်ခုမှာ Ballon d'Or ဆုကြီး မက်ဆီအတွက် မပျောက်အောင် သိမ်းထားပါဦး ဆိုပြီး ပြောခဲ့သေးတယ်။

 

Most Read

Most Recent