အသက် (၄၁)နှစ်အရွယ်ရှိနေပေမဲ့ ဒီဖိုးက စော်ကြည်ဘဲကြီး ဖြစ်နေတုန်းပဲ။ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာ ဒီဖိုးက အမျိုးသမီးနှစ်ဦးကို တစ်ပြိုင်တည်း တွဲခဲ့တာပါပဲ။ အောက်တိုဘာလ (၁၅)ရက်မှာ ဒီဖိုးက မင်္ဂလာပွဲစီစဉ်သူ အက်ဒ်မွန်ဆင်နဲ့အတူ တွေ့ခဲ့ရတယ်။ အက်ဒ်မွန်ဆင်ရဲ့ အသက် (၂၉)နှစ်ပြည့် မွေးနေ့ အမှတ်တရအဖြစ် ဒီဖိုးက ပေါင် (၁ဝဝဝဝ)တန် Cartier နာရီနဲ့ ပေါင် (၂၅ဝဝ)တန် Dior အိတ် ဝယ်ပေးခဲ့ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးဟာ ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်မှာ တစ်ညတာအတူ ဖြတ်သန်းခဲ့ကြတယ်။ မနက်ဘက် ဟိုတယ်ကပြန်ခါနီး ကားရပ်နားဧရိယာမှာ ဒီဖိုးနဲ့ အက်ဒ်မွန်ဆင်ဟာ မခွဲနိုင်မခွဲရက် အနမ်းတွေ ဖလှယ်နေတာလည်း မြင်ခဲ့ရပါတယ်။ သူတို့နှစ်ဦးက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ စတင်ဆုံတွေ့ပြီး နှလုံးသားချင်း ချည်နှောင်မိခဲ့တာပါ။
■ ဒီဖိုးရဲ့ နှစ်အချိုးတစ် (Life)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















