လက်ရှိအချိန်ဟာ ချယ်လ်ဆီးအသင်းနဲ့သက်ဆိုင်သူ အားလုံးအတွက် တကယ့်ကိုငရဲကာလပါပဲ။ အသင်းပိုင်ရှင် အပြောင်းအလဲဆိုတဲ့ မထင်မှတ်ထားသော အချိုး အကွေ့လေးတစ်ခုမှာ ချယ်လ်ဆီးအသင်းဟာ ဝင်ရိုးကနေ ပြုတ်ထွက်လာတဲ့ လှည်းဘီးတစ်ဘီးလို အထိန်းအကွပ်မရှိ ဦးတည်ရာမဲ့ လိမ့်ဆင်းနေတယ်။ အသင်းရဲ့ ကွင်းတွင်း၊ ကွင်းပြင်ရှုထောင့်ပေါင်းစုံမှာ ဥရောပရဲ့ ထိပ်တန်းအသင်းကြီးတစ်သင်းဆိုတဲ့ ၀ိသေသလက္ခဏာပျောက်ဆုံးနေပြီး ဘယ်လိုစီမံကိန်းတွေ၊ ဘယ်လိုအနာဂတ်တွေနဲ့ ဘယ်လိုခရီးလမ်းကိုဆက်လျှောက်မလဲဆိုတဲ့ မရောရာခြင်းတွေကပဲ ချယ်လ်ဆီးပရိသတ်တွေရဲ့နှလုံးသားထဲ ဆူးတစ်ချောင်းလို နာနာကျင်ကျင်စိုက်ဝင်နေတယ်။ တကယ်ပဲ ချယ်လ်ဆီးအသင်း ပြန်လာဖို့ခက်နေခဲ့ပြီလား။ ဖိအားတွေ၊ စိန်ခေါ်မှုတွေ၊ ရုန်းကန်ရခြင်းတွေအောက်မှာ နာလန်မထနိုင်အောင် နစ်မွန်းနေခဲ့ပြီလား။ စတမ်းဖို့ဒ်ဘရစ်ချ်နဲ့ သက်ဆိုင်သမျှအရာရာဟာ ဆိုးဆိုးရွားရွားပြိုလဲလျက်ပါပဲ။
စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ ပြိုလဲနေ့စွဲများ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















