မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်သည့် ပြဿနာကို ရင်ဆိုင်နေရဆဲဖြစ်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားပြဿနာ ပြေလျော့စေရန် ကူညီပံ့ပိုးမှုများ အားဖြည့်ကူညီပေးကာ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ဓာတ်အားရရှိရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်စေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီး မစ္စတာချန်ဟိုင်း က ပြောကြားသည်။
ရန်ကုန်မြို့ရှိ WYNDHAM GRAND ဟိုတယ်တွင် အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ပိုင်းက ပြုလုပ်ခဲ့သည့် “Belt and Road” ပူး ပေါင်းဆောင်ရွက်မှုဖိုရမ်၌ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ထိုသို့ထည့်သွင်း ပြောကြား ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံဟာ လျှပ်စစ်ဓာတ်အား လိုအပ်တဲ့ ပြဿနာကို ရင်ဆိုင်နေရဆဲဖြစ်ပါ တယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီမှုများ ဆက်လက်လုပ်ဆောင်ပေးပြီး မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်မှု ပြဿနာကို ပြေလျော့စေရန် အားဖြည့်ကူညီ ပေးကာ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး ဓာတ်အားရရှိရေး ရည်မှန်းချက် ကို အကောင် အထည်ဖော်ဆောင်နိုင်စေမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး က ပြောကြားသည်။
တရုတ်-မြန်မာနှစ်နိုင်ငံအနေဖြင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စ သည့် စီမံကိန်းကြီးများ ပူးပေါင်းဆောင်ရွက် မှုကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပြီး မူ ဆယ်-မန္တလေးရထားလမ်း၊ မန္တလေး-ကျောက်ဖြူရထားလမ်းစသည့် ဖြစ်မြောက် နိုင်ခြေလေ့လာမှုများကို အခြေခံအားဖြင့်တိုး တက်မှုအသစ်များရရှိစေရန် မြှင့်တင် ဆောင် ရွက်လျက်ရှိကြောင်းသံအမတ်ကြီးက ပြော ကြားသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် ရခိုင်ပြည်နယ်တွင် ပြည်သူလူထုကို အကျိုးပြု သော ကနဦးအကျိုးရှိသည့် စီမံကိန်းများ အဖြစ် ပညာရေး၊ ကျန်းမာရေးကဏ္ဍများအား ဆောင်ရွက်နေပြီး ရခိုင်ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုဘဝတိုး တက်ကောင်းမွန်ရေးနှင့် အေးချမ်းတည်ငြိမ် ရေးတို့အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြောင်းလည်း သံအမတ် ကြီးက ပြောကြားသည်။
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက် ရေးအထူးရန်ပုံငွေသည် မြန်မာနိုင်ငံတွင် စီမံ ကိန်း ၁၀၆ ခုအား ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေး ပြီး မြန်မာပြည်သူလူထုဘဝတိုးတက်ကောင်း မွန်စေရေးအတွက် ထိရောက်စွာကူညီပေး ကြောင်းလည်း သံအမတ်ကြီးက ပြောကြား သည်။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ် အားလိုအပ်သည့်ပြဿနာကို ရင်ဆိုင်နေရဆဲ ဖြစ်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အားပြဿနာ ပြေလျော့စေရန် ကူညီပံ့ ပိုးမှုများ အားဖြည့်ကူညီပေးကာ ၂၀၃၀ ပြည့် နှစ်တွင် တစ်နိုင်ငံလုံး ဓာတ်အားရရှိရေး ရည် မှန်းချက်ကို အကောင်အထည်ဖော်စေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ် သံ အမတ်ကြီးက ပြောကြားသည်။
ငွေကြေးပေါင်းစပ်ပါဝင်မှု မြှင့်တင်ခြင်း နှင့်ပတ်သက်၍ တရုတ်-မြန်မာ နယ်စပ်ကုန် သွယ် ရေးတွင် ယွမ်ငွေဖြင့် နယ်စပ်ဖြတ်ကျော် စာရင်းရှင်းလင်းတွက်ချက်မှု ရှေ့ပြေးလုပ်ငန်း အောင်မြင်ခဲ့ပြီး နှစ်နိုင်ငံအကြား ပြည်တွင်း ငွေကြေးဖြင့် စာရင်းရှင်းလင်းတွက်ချက်မှု အတွက် အရေးပါသောခြေလှမ်း လှမ်းနိုင်ခဲ့ သည်ဟု တရုတ်သံအမတ်ကြီးက ပြောကြား သည်။
“တရုတ်နိုင်ငံမှ ဘဏ်ဟာ မြန်မာနိုင်ငံ ယွမ်ငွေဖြင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု စနစ် (CIPS)မှာ တိုက်ရိုက်ပါဝင်တဲ့ဘဏ် ဖြစ်လာပြီး ယွမ်ငွေဖြင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုကို ပိုမိုတိုးတက်လာစေရန် မြှင့် တင်ပေးပါတယ်။ လက်ရှိမှာ ယွမ်ငွေဟာ တရုတ်-မြန်မာနယ်စပ်စာရင်းရှင်းလင်း တွက် ချက်ရာမှာ အဓိကအသုံးပြုတဲ့ ငွေကြေးဖြစ် လာပါပြီ” ဟု တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းက ပြောကြားသည်။
ထို့ပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ပေးပြီး မြန်မာပြည် သူ တစ်ရပ်လုံးကို အကျိုးပြုနေသည်ဟုလည်း တရုတ်သံအမတ်ကြီးက ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင် စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာ စကားပြောကြားသည်။
ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် လမ်းများနှင့်ဆက်သွယ်မှုများ တည်ဆောက် ရေးအတွက်သာ မဟုတ်ဘဲ အရည်အသွေး ပြည့်ဝမှု၊ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးမှု မျှဝေ ခြင်းတို့၏ ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်း၏ မဟာဗျူဟာမြောက်ရည်ရွယ် ချက်မှာ မတူကွဲပြားသော နိုင်ငံများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ယုံ ကြည်မှုတို့ကို မြှင့်တင်ရန်ဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဆိုသည်။
ကျောက်ဖြူစီမံကိန်းနှင့် ဆက်စပ်၍ မြန်မာနိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်းမှတစ်ဆင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံ ကိန်း၏ ရေကြောင်းအခြေပြု စီမံကိန်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ပင်လယ် ရေကြောင်းများ ပိုမိုကောင်းမွန်အောင်ဆောင် ရွက်ခြင်းသည် ကုန်စည်ပို့ဆောင်မှုတွင် မြန် ဆန်ကာ ကုန်ကျစရိတ်သက်သာရုံသာမက ကုန်သွယ်မှုလုပ်ငန်းများကို ချဲ့ထွင်ရန်၊ ဒေသ တွင်း စီးပွားရေးလုပ်ငန်းများကို ပိုမိုအား ကောင်းလာစေရန်နှင့် စီးပွားရေး တိုးတက်မှု ကို မြှင့်တင်စေမည်ဖြစ်ကြောင်းလည်း ပြည် ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် ဆိပ်ကမ်းများနှင့် ဆက်စပ်အ ခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု သည် ဒေသခံပြည်သူများအတွက် အလုပ်အ ကိုင်အခွင့်အလမ်းများ ဖြစ်ပေါ်စေပြီး ဆင်းရဲ နွမ်းပါးမှုလျော့ချရေးနှင့် လူနေမှုအဆင့်အ တန်း မြင့်မားရေးတို့ကို သိသာစွာပံ့ပိုးပေးမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြား သည်။
အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေး လုပ် ငန်းရှင်များနှင့် ဖိတ်ကြားထားသူများတက် ရောက်ခဲ့ကြောင်း သိရသည်။















