EV ကားတင်သွင်းခွင့်ပါမစ်အတွက် သင်္ဘောသားအပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားများ လစာလွှဲပို့ငွေကို ယခင် ဒေါ်လာနှစ်သိန်းအစား ဒေါ်လာ ငါးသောင်းအထိ လျှော့ချသတ်မှတ်လိုက် ကြောင်း စီးပွားရေးနှင့် ကူးသန်းေ်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်က အသိေပေးကြေညာချက် ပြင်ဆင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှု ပိုမိုတိုးတက်ဖြစ်ထွန်းစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စအား အထောက်အကူပြုရန် ရည်ရွယ်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများက မိမိတို့ရရှိသည့်လစာငွေ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအပေါ် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပါမစ်များ ခွင့်ပြုသွားမည်ဖြစ်သည်။
အောက်တိုဘာ ၁၃ ရက်တွင် ထုတ် ပြန် ထားချက်အရ ယင်းကဲ့သို့ တင်သွင်းခွင့်ပြုရာတွင် ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်)- တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ- တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ငါးသောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင်တစ်စီးနှုန်း တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထား သည်။
အောက်တိုဘာ ၂၆ ရက် ထုတ်ပြန် ချက် တွင်မူ “ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်)နှင့် အခြားဝင်ငွေရရှိသူများသည် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ငါးသောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း” ဟု ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အထက်ပါ ဝင်ငွေရရှိသူစာရင်းတွင် အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်/ လျှပ်စစ်သုံးမော်တော်ဆိုင် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုးမပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကို လည်းကောာင်း ပါမစ်ခွင့်ပြုပေးမည်ဖြစ်သည်။
လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် ဝယ်ယူတင်သွင်းခွင့်ပြုသည့် အစီအစဉ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှ စတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၆၇-၃၄၀၈၄၃၃ နှင့် Email-dottraining2008@gmail.com ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။















