ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံတစ်ခုတွင် ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ကျောက်ခဲထိမှန်သေဆုံး

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံတစ်ခုတွင် ရေမဆေးကျောက်ရှာဖွေသူတစ်ဦး ကျောက်ခဲထိမှန်သေဆုံး
Published 26 December 2016
အောင်ဟိန်းမင်း

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံတစ်ခုတွင် ရေမဆေးကျောက် ရှာဖွေသူတစ်ဦး ကျောက်ခဲထိမှန်သေဆုံးကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဒီဇင်ဘာ ၂၅ ရက်တွင် လုံးခင်းကျေးရွာရှိ ရွှေဗျိုင်းဖြူကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံတွင် ရေမဆေးကျောက်ရှာဖွေနေစဉ် ယင်းမြေစာပုံနှင့် ကပ်လျက်ရှိ တောက်ပကြယ် စွန့်ပစ်မြေစာပုံမှ ၁၀ ပိဿာခန့်ရှိ ကျောက်ခဲတစ်လုံး ပြုတ်ကျလာပြီး အမည်မသိရေမဆေးသမားအား ထိမှန်ကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအား မျက်မြင်တွေ့ရှိခဲ့သည့် ရေမဆေးသမားများက လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ ရေမဆေးသမား၏အမည်အား ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးသူ၏ ဓာတ်ပုံအား ရေမဆေးကျောက်ရှာဖွေသော နေရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၊ နီးစပ်ရာရဲစခန်းများတွင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ နမစ (လုံးခင်း) က သေမှုသေခင်း အမှတ်စဉ် (၂၃/ ၂၀၁၆) ဖြင့် အမှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent