မန္တလေးတိုင်းဒေသကြီး အမရမြို့နယ်တွင် ဒီဇင်ဘာ ၁၆ ရက်က လူသတ်မှုဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ် ရွှေဂွမ်းထုပ်ရပ်ကွက်၊ တရုတ်တန်းလေးရပ်တွင် ဒီဇင်ဘာ ၁၆ ရက် ညနေ ၅ နာရီခန့်က အသက် ၂၃ နှစ်အရွယ် ယောက်ျားတစ်ဦးသည် နေအိမ်တွင် ရှိနေစဉ် အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်ကျင် (ခ) မှုံရွှေရည် ၄၀ နှစ်၏ နေအိမ်ဘက်မှ အော်သံကြားရသောကြောင့် ကြည့်ရှုရာ အဒေါ်ဖြစ်သူမှာ ရင်ဘတ်ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိကာ နေအိမ်အနီးတွင် လဲကျနေပြီး အဒေါ်ဖြစ်သူ ဆောင်းဝင်းလတ် ၃၈ နှစ်မှာလည်း နေအိမ်အတွင်းရှိသည့် ခုတင်ဘေးတွင် ဝမ်းဗိုက်၊ ရင်ဘတ်၊ ဝဲလက်ဖျံ၊ ဝဲချိုင်းအောက်တွင် ဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ အဒေါ်ဖြစ်သူ မဖြူဖြူချစ်၏ ခင်ပွန်းဖြစ်သူ အောင်ကိုကို (ခ) အောင်ကြီး ၃၀ နှစ်ခန့်၏ လက်ထဲတွင် ငှက်ကြီးတောင် ဓားတစ်ချောင်း ကိုင်ထားသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းက ဆိုသည်။
ထို့နောက် အောင်ကိုကိုမှာ ငှက်ကြီး တောင်ဓားအား နေအိမ်ခြံဝင်းအတွင်း ပစ်ထားခဲ့ပြီး ရဲစခန်းသို့ သွားရောက် အဖမ်းခံမည်ဟု ပြောဆိုကာ ထွက်ပြေးသွားကြောင်း၊ ဒဏ်ရာရရှိသူ နှစ်ဦးအား မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ဒေါ်မြင့်မြင့်ကျင် (ခ) မှုံရွှေရည် ဆိုသူမှာ သေဆုံးသွားကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် လူသတ်မှု ဖြစ်ပွား
Most Read
Most Recent
11 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago