သီရိလင်္ကာတွင် ကမ္ဘာ့စံချိန်တင် ခရစ်စမတ်သစ်ပင်ကို တည်ဆောက်ရန် ကြိုးပမ်း

သီရိလင်္ကာတွင် ကမ္ဘာ့စံချိန်တင် ခရစ်စမတ်သစ်ပင်ကို တည်ဆောက်ရန် ကြိုးပမ်း
Published 12 December 2016
ဒီဇင်ဘာ ၇ ရက်က ကိုလံဘိုတွင် တစ်စိတ်တစ်ပိုင်းပြီးစီးနေပြီဖြစ်သော ခရစ်စမတ်သစ်ပင်အား တွေ့ရစဉ်

ကက်သလစ်ကျောင်းတော်က ဆန့် ကျင်မှုများ ရှိနေသော်လည်း သီရိလင်္ကာ၏ ဂန္ထဝင်ခရစ်ကတ်ကစားသမား အာယုနရာ နာတွန်ဂါက မီတာ ၁၀၀ မြင့်သော ကမ္ဘာ့စံ ချိန်တင် ခရစ်စမတ်သစ်ပင်ကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် ကြေညာခဲ့သည်။
အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးလည်း ဖြစ်သော ရာနာတွန်ဂါက ဝန်ကြီးချုပ် ရာ နေးဝိကရီမီဆင်ဟင်းသည် ကိုလံဘိုကက် သလစ်ဘုန်းတော် မယ်ကွန်ရန်ဂျစ်နှင့် တွေ့ ဆုံခဲ့ပြီးနောက် စီမံကိန်း ပြန်လည်စတင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေါ်လာ ၂၀၀၀၀၀ ကုန်ကျနိုင်သည့် ယင်းခရစ်စမတ်သစ်ပင်အတွက် ကုန်ကျ စရိတ်များကို ဆင်းရဲမွဲတေမှုလျှော့ချရေးအ တွက် သုံးစွဲသင့်ကြောင်း ကက်သလစ်ကျောင်း တော်က ပြီးခဲ့သည့် တစ်ပတ်တွင် ကန့်ကွက် ခဲ့သည်။ ၁၉၉၆ ခုနှစ် ခရစ်ကတ်ကမ္ဘာ့ဖလား တွင် သီရိလင်္ကာကို အောင်ပွဲရရှိရန် ဦးဆောင် ခဲ့သော ရာနာတွန်ဂါသည် ကိုလံဘိုမြို့လယ် တွင် တည်ဆောက်မည့် ၃၂၅ ပေမြင့်သော ခရစ်စမတ်သစ်ပင်အတွက် ရန်ပုံငွေစုဆောင်း မှုကို ဦးဆောင်နေသည်။
ကက်သလစ်ပါလီမန်မဲဆန္ဒနယ်ကို ကိုယ်စားပြုသူဖြစ်သော အသက် ၅၃ နှစ်အ ရွယ် ရာနာတွန်ဂါက ခရစ်စမတ်သစ်ပင်၏ သံမဏိအောက်ခြေကို အုတ်မြစ်ချပေးခဲ့ပြီး ယင်းသစ်ပင်သည် ရုပ်လုံးစပေါ်နေပြီဖြစ် သည်။ ကိုလံဘို၏ ခရစ်စမတ်သစ်ပင်သည် ကမ္ဘာတွင် အကြီးဆုံးခရစ်စမတ်သစ်ပင်ဖြစ် လာမည် ဟု ရာနာတွန်ဂါက ပြောကြားထား သည်။
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအရ ကမ္ဘာ့အကြီးဆုံး ခရစ်စမတ်သစ်ပင်သည် တရုတ်တောင်ပိုင်း ကွမ်ကျိုးတွင်ရှိပြီး ယမန် နှစ်က တည်ဆောက်ခဲ့သော ယင်းသစ်ပင် သည် ၅၅ မီတာခန့်အမြင့်ရှိသည်ဟု ဆိုသည်။ မက္ကဆီကိုရှိ အဖွဲ့တစ်ဖွဲ့ကလည်း ၂၀၀၉ ခုနှစ်တွင် မီတာ ၉၀ မြင့်သော ခရစ်စမတ် သစ်ပင်ကို တည်ထောင်ခဲ့သည်ဟု ဆိုခဲ့ကြ သည်။ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် သီရိလင်္ကာတွင် လူဦးရေ ၂၁ သန်းခန့် ရှိသည့်အနက် ၁ ဒသမ ၂ သန်းခန့်သည် ကက်သလစ်ဘာသာဝင်များဖြစ်ကြသည်။

Most Read

Most Recent