ကမ္ဘာ့ပထမဆုံး သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ဆေးကို ဂွါတီမာလာတွင် ရောင်းချမည်

ကမ္ဘာ့ပထမဆုံး သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ဆေးကို ဂွါတီမာလာတွင် ရောင်းချမည်
Published 23 November 2016
Ref:AFP

ကမ္ဘာ့ပထမဆုံး သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ဆေးကို ဂွါတီမာလာနိုင်ငံတွင် လာမည့်သီတင်းပတ် အနည်းငယ်အတွင်း ရောင်းချတော့မည်ဖြစ်ကြောင်း ပြင်သစ်ကုမ္ပဏီတစ်ခုက နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဖျားတက်ခြင်း၊ ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်းတို့ကို ဖြစ်စေနိုင်သည့် သွေးလွန်တုပ်ကွေးသည် လူအသက်ကိုပင် ဆုံးရှုံးစေနိုင်သည်။
Dengvaxia ဟုခေါ်သော ကာကွယ်ဆေးသည် ရောဂါပျံ့နှံ့ဖြစ်ပွားရာ ဇုန်အတွင်းရှိ အသက် ၉ နှစ်မှ ၄၅ နှစ်ကြားရှိသူများအတွက် ရည်ရွယ်သည်ဟု ပြင်သစ်ဆေးကုမ္ပဏီ Snofi Pasteur က ဂွါတီမာလာ မြို့တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သုံးကြိမ်သောက်သုံးရမည့် ယခုကာကွယ်ဆေးကို နှစ် ၂၀ ကြာအောင် စမ်းသပ်ဖော်ထုတ်ခဲ့ရပြီးနောက် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက ဈေးကွက်ထဲသို့ စတင်ဖြန့်ချီခဲ့ခြင်းဖြစ်သည်။ ထိုကာကွယ်ဆေးသည် သွေးလွန်တုပ်ကွေး ရောဂါလေးမျိုးစလုံးအတွက် အကျိုးသက်ရောက်မှုရှိကြောင်း သိရသည်။ ယခုအချိန်အထိ ထိုကာကွယ်ဆေးကို ဖိလစ်ပိုင်၊ ဘရာဇီး၊ မက္ကဆီကို၊ အယ်ဆယ်ဗေဒိုး နိုင်ငံများ၌ ရောင်းချရန် ခွင့်ပြုချက်ရရှိပြီးဖြစ်သည်။
၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုသည် လျင်မြန်စွာမြင့်တက်လာပြီး ၂၀၁၅ ခုနှစ်အတွင်းက ဖြစ်ပွားသူ ၃ ဒသမ ၂သန်းအထိရှိခဲ့သည် ဟု WHO ၏ စာရင်းအင်းများက ဆိုသည်။ ၂၀၁၃ ခုနှစ်အတွင်းကမူ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ စုစုပေါင်း ၉၀၀၀ ခန့်ရှိခဲ့ပြီး အများစုမှာ ဆင်းရဲသောနိုင်ငံများမှ ဖြစ်သည်။                             

Most Read

Most Recent