ကုန်ဈေးနှုန်း ထိန်းချုပ်မည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို အဆင်သင့် မဖြစ်သေး၍ နောက်မှ ဖြေဆိုခွင့်ပြုရန် ပြည်ထောင်ထောင်စုဝန်ကြီးက လွှတ်တော်၌ မေတ္တာရပ်ခံ

ကုန်ဈေးနှုန်း ထိန်းချုပ်မည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို အဆင်သင့် မဖြစ်သေး၍ နောက်မှ ဖြေဆိုခွင့်ပြုရန် ပြည်ထောင်ထောင်စုဝန်ကြီးက လွှတ်တော်၌ မေတ္တာရပ်ခံ
Published 16 November 2016

ယနေ့(နိုဝင်ဘာ ၁၆ ရက်)တွင် ကျင်းပသည့် ဒုတိယအကြိမ် တတိယ ပုံမှန်အစည်းအဝေး၌ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၏ "အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ် ရှိ၊ မရှိ" ထပ်မံမေးမြန်းမှု အပေါ် အဆင်သင့် မဖြစ်သေး၍ နောက်မှ ဖြေဆိုခွင့်ပြုရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က လွှတ်တော်၌ မေတ္တာ ရပ်ခံခဲ့ကြောင်း သိရသည်။
 
ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ် မေးမြန်းသည့် မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ပြန်လည်ဖြေကြားရာတွင် ငွေကြေးဖောင်းပွမှု အခြေအနေ၊ ကုန်ဈေးနှုန်းတက်လာသည့် အကြောင်းအရင်း၊ ကုန်ဈေးနှုန်း မြင့်မားလာသည့် နှုန်းထားများကို အသေးစိတ် ဖြေကြားခဲ့သော်လည်း မေးခွန်ထဲတွင် ပါရှိသည့်ကုန်ဈေးနှုန်းအား ထိန်းချုပ်မှု အစီအစဉ် ရှိ၊ မရှိ ကိစ္စကို တိတိကျကျ ဖြေကြားနိုင်ကြားနိုင်ခြင်း မရှိသည့်အတွက် ဒေါ်ခင်နှင်းသစ်က မေးခွန်းထပ်မံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ 
 
"ပြည်ထောင်စုဝန်ကြီး ဖြေသွားပေးတဲ့ အဖြေတွေဟာဆိုရင် ကျွန်မရဲ့ မေးတဲ့မေးခွန်းတွေ အပေါ်မှာ လိုအပ်ချက်တွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်မကို တစ်ဆက်တစပ်ထဲ မေးခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။ အဲတော့ ခုနတုန်းက ဝန်ကြီး ဖြေကြားသွားပေးတဲ့ အထဲမှာဆိုရင် သူက ကုန်ဈေးနှုန်းတွေကို သူပြောတာတွေက စားဝတ်နေရေး လူမှုရေးလိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ ကုန်ဈေးနှုန်းတွေကို သူအသေးစိတ်ဖော်ပြသွားပါတယ်။ ဖော်ပြသွားတဲ့ ဖော်ပြချက်တွေထဲမှာ ရာခိုင်နှုန်းတွေ အများစု ဖော်ပြသွားတဲ့အထဲမှာ ကုန်ဈေးနှုန်းမြင့်တက်တယ်ဆိုတဲ့ အကြောင်းအရာတွေကို တော်တော်များများမှာ ဖော်ပြသွားပါတယ်။ ဒီလို ဖော်ပြသွားပေမယ့် သူ့ရဲ့ ဒီလိုမျိုးပေါ့။ ပထမဖြေကြားချက်တွေ ဥက္ကဋ္ဌကြီး ပြောသလိုပဲ သူက အဓိက အဓိပ္ပါယ် ဖွင့်ဆိုချက်တွေနဲ့ ဈေးနှုန်းကိုသာ သူပြောသွားပြီးတဲ့အခါမှာ ကျွန်မရဲ့ မေးခွန်းတွေထဲက မေးခွန်းထဲမှာ ပါသလိုမျိုး သူဟာ ဘယ်လို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ထိန်းချုပ်မယ့် အစီအစဉ် ရှိတယ် မရှိဘူးဆိုတဲ့ ကိစ္စကို တိတိကျကျ ဖြေသွားတာ မရှိပါဘူး။ ဒါ့ပြင် ကျွန်မမေးတဲ့ မေးခွန်း နံပါတ်သုံးထဲမှာလည်း ပါပါတယ်။ ဒီလိုမျိုး သူတို့ စီစဉ်ဆောင်ရွက်ပေးတယ် ဆိုလို့ရှိရင်လည်း ဒါဟာ ပြည်သူလူထုရဲ့ လူမှုဘဝက မည်မျှ အကျိုးသက်ရောက်နိုင်သည်အထိ ရှိသလဲဆိုတဲ့ မေးခွန်းများကို မဖြေသွားတဲ့အတွက်ကြောင်မို့လို့ ဒီမေးခွန်းများကို ဆက်လက်ဖြေကြားပေးပါလို့ ကျွန်မ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာတင်ပြအပ်ပါတယ်" ဟု ဒေါ်ခင်နှင်းသစ်က ထပ်မံ မေးမြန်းခဲ့ပါသည်။ 
 
ထိုသို့ မေးမြန်းမှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယင်းကိစ္စမှာ ကျယ်ပြန့်သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် အဆင့်သင့်ဖြစ်သည့်အခါမှသာ သက်ဆိုင်ရာ ကိုယ်စားလှယ်ထံ အဖြေလွှာပေးပို့၍ ရကြောင်း ပြောကြားခဲ့ပါသည်။
 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က "ဟုတ်ပါတယ်ခင်ဗျာ။ ဒီဟာက ကျယ်ပြန်တာဖြစ်တဲ့အတွက်ကြောင့် နောက်အခါအကြောင်းတွေ ရှိပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းဖို့အတွက် နောင်တစ်ကြိမ်မှသာ ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ 
 
ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်အား လွှတ်တော်ကိုယ်စားလှယ်မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ထိထိရောက်ရောက် ဖြေကြားစေလိုကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

Most Read

Most Recent