အင်းစိန်ထောင်၌ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် နှစ် ၄၀ ကျခံနေရသည့် အကျဉ်းသားတစ်ဦး အင်းစိန်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ထွက်ပြေးမှု နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်နှစ် ၄၀ ကျ ခံနေရသည့် အကျဉ်းသားဖြစ်သူ ကြည်အေး (ခ) မော်စီ (၅၁) နှစ်မှာ အောက်တိုဘာ ၂၆ ရက်တွင် ဂရင်ဂျီနာရောဂါကို ဆေးကုသရန် အင်းစိန်ဆေးရုံသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်း၏ အနားတွင် ရဲတပ်ဖွဲ့မှ တစ်ဦးကိုအစောင့်အဖြစ်ထားရှိခဲ့ကြောင်း၊ အင်းစိန်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကြည်အေးမှာ နိုဝင်ဘာ ၁၀ ရက် နံနက် ၁ နာရီခန့်တွင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထွက်ပြေးသွားသည့် အကျဉ်းသား ကြည်အေးမှာ တောင်ဥက္ကလာပမြို့နယ်၊ (၅) ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အမြန်ဆုံး ဖမ်းဆီးရမိရန်အတွက် ၎င်း၏ ဓာတ်ပုံကို သက်ဆိုင်ရာ ရဲစခန်းအသီးသီးသို့ ဖြန့်ဝေကာ အမြန်ဆုံးဖမ်းဆီးရမိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၆ ရက်၌ လှိုင်သာယာ မြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည့် အမှုမှ ကျုးလွန်သူ နိုင်လင်းဇော် (၂၉ နှစ်) မှာ မြောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်စစ်ဆေးရန် ရောက်ရှိနေချိန်တွင် ၎င်းမှာ တရားရုံးရှိ အချုပ်ခန်းမှ ထွက်ပြေးသွားကြောင်းသိရပြီး ၎င်းကို နိုဝင်ဘာ ၁၀ ရက် ညပိုင်းအထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
မူးယစ်မှုဖြင့် ထောင်နှစ် ၄၀ ကျခံနေရသည့် အကျဉ်းသားတစ်ဦး အင်းစိန်ဆေးရုံမှ ထွက်ပြေးမှုဖြစ်ပွား
Most Read
Most Recent
11 hours ago
11 hours ago
11 hours ago
11 hours ago
11 hours ago
11 hours ago