ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN) နှစ်ဖက် နည်းပညာအထောက်အကူပြုအဖွဲ့များ အစည်းအဝေးကျင်းပ

ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN) နှစ်ဖက် နည်းပညာအထောက်အကူပြုအဖွဲ့များ အစည်းအဝေးကျင်းပ
ဓာတ်ပုံ-ကျော်ဇင်ဝင်း
ဓာတ်ပုံ-ကျော်ဇင်ဝင်း
Published 9 November 2016

ငြိမ်းချမ်းရေးကော်မရှင် (Peace Commission)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN) တို့၏ နှစ်ဖက်နည်းပညာအထောက်အကူပြုအဖွဲ့များအစည်းအဝေးကို ယနေ့(နိုဝင်ဘာ ၉ ရက်)နံနက် ၉ နာရီခွဲခန့်မှစတင်ကာ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင်ကျင်းပပြုလုပ်လျက်ရှိသည်။ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့်အဖွဲ့များဖြစ်သည်။အဆိုပါအစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)၏ လက်ရှိအခြေအနေနှင့်ဆောင်ရွက်ထားမှုများအား JMC နည်းပညာအထောက်အကူပြုအဖွဲ့မှရှင်းလင်းတင်ပြခြင်း၊ DPN ၏နည်းပညာအထောက်အကူပြုအဖွဲ့မှမရှင်းလင်းသည်များ မေးမြန်းခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း၊ နှစ်ဘက်နည်းပညာအထောက်အကူပြုအဖွဲ့များ ဆက်လက်ညှိနှိုင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဉ် ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် ငြိမ်းချမ်းရေးကော်မရှင်နှင့်  DPN တို့၏ တတိယအကြိမ်အစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ NRPC ၌ပင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ 

Most Read

Most Recent