တောင်တရုတ် ပင်လယ်တွင် အင်ဒိုနီးရှားက စစ်ရေးလေ့ကျင့်

တောင်တရုတ် ပင်လယ်တွင် အင်ဒိုနီးရှားက စစ်ရေးလေ့ကျင့်
စစ်ရေးလေ့ကျင့်မှု မပြုလုပ်မီ အောက်တိုဘာ ၃ ရက်နေ့က အင်ဒိုနီးရှား Sukhoi တိုက်လေယာဉ်မှူးများနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များအား ပုံမှန် လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် တွေ့ရစဉ် (Photo: Reuters)
စစ်ရေးလေ့ကျင့်မှု မပြုလုပ်မီ အောက်တိုဘာ ၃ ရက်နေ့က အင်ဒိုနီးရှား Sukhoi တိုက်လေယာဉ်မှူးများနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များအား ပုံမှန် လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် တွေ့ရစဉ် (Photo: Reuters)
Published 6 October 2016

တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုတစ်ဝိုက်တွင် အင်ဒိုနီးရှားလေတပ်က အောက်တိုဘာ ၆ ရက်၌ အဓိက စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား ကျွန်းအစုအဝေး၏ အနောက်မြောက်ဘက်စွန်းရှိ ဝေးလံခေါင်သီသော နာတူနာကျွန်းစု တစ်ဝိုက်တွင် ပြုလုပ်ခဲ့သည့် ယင်းစစ်ရေးလေ့ကျင့်မှု၌ တပ်ဖွဲ့ဝင် ထောင်နှင့်ချီ အပါအဝင် F-16၊ Sukhoi နှင့် Hercules လေယာဉ်များလည်း ပါဝင်ခဲ့ပြီး သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွင်း နာတူနာကျွန်းစု တစ်ဝိုက်ရှိ ရေပြင်တွင် တရုတ်ငါးဖမ်းနှင့် ကမ်းရိုးတန်းစောင့် ရေယာဉ်များနှင့် အင်ဒိုနီးရှား ကင်းလှည့်ရေယာဉ်များနှင့် ရေတပ်သင်္ဘောများအကြား ထိပ်တိုက်တွေ့ဆုံမှု ထပ်တလဲလဲ ဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာမှုမြင့် တက်ခဲ့သည်။
အင်ဒိုနီးရှားသည် ငါးသယံဇာတများ ပေါကြွယ်ဝသော ပြန့်ကြဲနေသည့် နာတူနာကျွန်းစု တစ်ဝိုက်တွင် ကာကွယ်ရေးကို တိုးမြှင့်ခဲ့သည်။
Ref: AFP

Most Read

Most Recent