အင်ဒိုနီးရှားသည် မီးတောင်မှ လျှပ်စစ်စွမ်းအင် ထုတ်ယူရန် ကြိုးစားရုန်းကန်နေရ

အင်ဒိုနီးရှားသည် မီးတောင်မှ လျှပ်စစ်စွမ်းအင် ထုတ်ယူရန် ကြိုးစားရုန်းကန်နေရ
Published 2 October 2016

အင်ဒိုနီးရှားတွင် မီးတောင်ရှင် တစ်လုံး၏ အောက်ခြေတွင်ရှိသော လျှပ်စစ်စွမ်းအင်စက်ရုံ တစ်ရုံသည် ကျွန်းစုအောက်ခြေရှိ အနီရောင် ချော်ရည်များမှ စွမ်းအင်များကို ထုတ်ယူနေစဉ် မြေကြီးမှ ရေနွေးငွေ့တန်းကြီးများ ထွက်လျက်ရှိသည်။
ဂျာဗားကျွန်းပေါ်မှ လက်ဖက်စိုက်ခင်းများ ဖုံးလွှမ်းနေသည့် တောင်နံဘေး တစ်လျှောက်၌ မြွေလိမ် မြွေကောက်သဖွယ် ဆက်နွှယ်ထားသည့် ပိုက်များသည် ကမ္ဘာ့ဗဟိုချက်မှ စွမ်းအင်များကို  ဝါယန်ဝင်ဒူစက်ရုံရှိ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးသော တာဘိုင်ကြီးများထံသို့ ပို့လွှတ်ပေးနေသည်။
တစ်ကမ္ဘာလုံးရှိ ဘူမိအပူစွမ်း အင်စုစုပေါင်း၏ ရာခိုင်နှုန်း ၄၀ မှာ မီးတောင်များမှိုလို ပေါများနေသော အင်ဒိုနီးရှားကျွန်းစုတွင် တည်ရှိနေ ခြင်းဖြစ်သည်။ သို့သော်လည်း အင်ဒိုနီးရှားသည် အဆိုပါ ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်များကို ထုတ်ယူအသုံး ပြုရေးတွင် များစွာနောက်ကျကျန် နေဆဲဖြစ်သည်။
လက်ရှိတွင်မူ အင်ဒိုနီးရှား အစိုးရသည် လာမည့်ဆယ်စုနှစ်အတွင်း ဘူမိအပူစွမ်းအင ်ကဏ္ဍကို ငါးဆတိုးချဲ့ရန် တွန်းအားပေး လုပ်ဆောင်နေသည်။ ကြိုးနီစနစ်များကြောင့်  အစိုးရစီမံကိန်းကြီးများ မကြာခဏ နှောင့်နှေးခြင်း၊ ရည်မှန်းချက် လွဲချော်ခြင်းတို့ ဖြစ်ပေါ်နေသည့် အင်ဒိုနီးရှားနိုင်ငံတွင် ယင်းဘူမိ အပူစွမ်းအင်အသုံးပြုမှု တိုးချဲ့ရေးမှာ ကြီးမားသော စိန်ခေါ်မှုကြီး ဖြစ်နေသည်။
“ရလာမယ့် စွမ်းအင်တွေကတော့ အမြောက်အမြားပါပဲ။ လက်ရှိအစိုးရက စိန်ခေါ်မှုတွေကို ကြိုးစားဖြေရှင်း နေတဲ့အတွက် ဒီစွမ်းအင်ကဏ္ဍရဲ့ အနာဂတ်ဟာ ကောင်းလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဝါယန်ဝင်ဒူစက်ရုံမှ လုပ်ငန်းခွင် မန်နေဂျာ ရူလီဝီရာဝမ်က ပြောကြားခဲ့သည်။
ဘူမိအပူစွမ်းအင်သည် ဖန်လုံ အိမ်အာနိသင်ဓာတ်ငွေ့ မပြောပလောက်သည့် ပမာဏကိုသာ ထုတ်ပေးသော သန့်ရှင်းသည့် စွမ်းအင်တစ်မျိုးဖြစ်သည်။ ပြတ်ရွေ့ကြောများ အပေါ်တွင် တည်ရှိပြီး ငလျင်လှုပ်ခတ်မှုများသည့် ဒေသများ၌ ယင်းစွမ်းအင်ကို အများဆုံးတွေ့ရ လေ့ရှိသည်။
ကမ္ဘာ့ဗဟိုချက်မှ အပူစွမ်းအင်သည် ပြတ်ရွေ့ကြောများကြားမှ တစ်ဆင့်ထွက်လာကာ မြေအောက်ရေများကို ပူနွေးစေသည်။ မြေအောက်ရေများ ပူနွေးရာမှ ထွက်လာသော ရေနွေးငွေ့များကို ဘူမိအပူစွမ်းအင် စက်ရုံများ၌ အသုံးပြုခြင်း ဖြစ်သည်။
အင်ဒိုနီးရှားတွင် အဓိကအ သုံးပြုနေကြသည့် စွမ်းအင်များကို နိုင်ငံထဲ၌ အလျှံပယ်ပေါများ သော ကျောက်မီးသွေးနှင့် ရေနံတို့ မှ ထုတ် ယူသုံးစွဲနေခြင်း ဖြစ်သည်။ လက်ရှိ တွင် အင်ဒိုနီးရှား၌ မဂ္ဂါဝပ် ၁၄၀၀ ထုတ်လုပ်ပေးနိုင်သော ဘူမိအပူစွမ်း အင်သုံး လျှပ်စစ်ဓာတ်အားပေး စက် ရုံတစ်ရုံရှိနေသည်။
မဂ္ဂါဝပ် ၁၄၀၀ဆိုသော ပမာဏသည် လူဦးရေ ၂၅၅ သန်းခန့် နေထိုင် သည့် အင်ဒိုနီးရှားနိုင်ငံထဲမှ အိမ် ထောင်စု ၁ ဒသမ ၄ သန်းအတွက် လျှပ်စစ်စွမ်းအင် ထောက်ပံ့ပေးနိုင်သည်။
လက်ရှိတွင် ဘူမိဗေဒစွမ်းအင် အများဆုံးထုတ်လုပ်သည့် နိုင်ငံနှစ်နိုင်ငံမှာ အမေရိကန်နှင့် ဖိလစ်ပိုင် တို့ဖြစ်ပြီး အင်ဒိုနီးရှားသည် ၎င်းင်းတို့ ၏နောက်တွင် ရပ်တည်နေသည်။
အင်ဒိုနီးရှားအစိုးရသည် ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှု တိုးမြှင့်ရန် ပိုမိုကျယ်ပြန့်သောအစီ အစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၅ ခုနှစ်၌ ဘူမိအပူစွမ်းအင်မှ မဂ္ဂါဝပ် ၇၂၀၀ ဝန်းကျင်အထိ တိုးမြှင့် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။ 
ဘူမိအပူစွမ်းအင် ထုတ်လုပ်ရေးကို ယခင်က အင်ဒိုနီးရှားနိုင်ငံ တွင် သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းတစ်ခု အဖြစ်သာ သတ်မှတ်ခဲ့ကြသည်။ ထိုလုပ်ရပ်ကို သတ္တုတွင်းတူး ဖော်မှုအဖြစ်မသတ်မှတ်တော့သည့် ဥပဒေထွက်ပေါ်လာသော လွန်ခဲ့ သည့်နှစ်နှစ်ကျော်မှစ၍ ဘူမိအပူ စွမ်းအင်ကဏ္ဍ၏ အဓိကအပိုင်းကို အင်ဒိုနီးရှားတွင် စတင်ခဲ့ခြင်းဖြစ် သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ထိန်း သိမ်းကာကွယ်ထားသော ကြီးမား သည့်သစ်တောကြိုးဝိုင်းများစွာရှိ သည့် နေရာများ၌ သတ္တုတူးဖော်ခွင့် မပြုထားပေ။ ထိုသစ်တောကြိုးဝိုင်း များ၏အောက်တွင် အင်ဒိုနီးရှား၏ ဘူမိစွမ်းအင် သုံးပုံနှစ်ပုံခန့် ရှိနေ သည်ဟု ယူဆထားကြသည်။
ဘူမိစွမ်းအင် စက်ရုံများကို ဆောက်လုပ်ရာ၌ ရံဖန်ရံခါတွင် ဒေ သခံများ၏ ကန့်ကွက်မှုများလည်း ရှိသဖြင့် ထိုစွမ်းအင်မှရရှိသော ဝင်ငွေ၏ တစ်ရာခိုင်နှုန်းကို ဒေသခံများထံ ပေးခြင်းဖြင့် အစိုးရက နှစ်သိမ့်ရန် ကြိုးပမ်းနေရသည်။
ဘူမိအပူစွမ်းအင်ထုတ်လုပ် ခြင်း၏ နောက်ထပ်အကြီးမားဆုံး အခက်အခဲတစ်ခုမှာ ကုန်ကျစရိတ် အလွန်များခြင်းဖြစ်သည်။ စက်ရုံ ဆောက်လုပ်မှုသည် အမြဲတမ်း အောင်မြင်မှုမရနိုင်သလို အချိန် များစွာ အသုံးပြုရသည့် လုပ်ငန်း တစ်ခုလည်းဖြစ်သည်။
ဘူမိအပူစွမ်းအင်စက်ရုံတစ်ရုံ ဆောက်လုပ်ရာ၌ တစ်မဂ္ဂါဝပ်လျှင် ဒေါ်လာလေးသန်းမှ ငါးသန်း ကုန်ကျသည်။ ကျောက်မီးသွေးစက် ရုံများကို ဆောက်လုပ်ပါက စက်ရုံတစ်ခုလုံး ဆောက်လုပ်မှ ဒေါ်လာ ၁ ဒသမ ၅ သန်းမှ နှစ်သန်းကြားသာ ကုန်ကျသည်။
အင်ဒိုနီးရှား၏ ဘူမိအပူစွမ်း အင်ထုတ်လုပ်ရေး ရည်မှန်းချက်ကို ပြည့်မီရေးသည် ခက်ခဲကြောင်း အစိုးရ အရာရှိများကိုယ်တိုင် ဝန်ခံကြသည်။ “အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ တိုးတက်မှုတွေဟာ အရမ်းတော့ အားတက်စရာ မကောင်းတာ အမှန်ပဲ” ဟု အစိုးရ ဘူမိဗေဒဌာန၏ ဥက္ကဋ္ဌဖြစ်သူ အီဂိုဆရာဟရယ်က ဝန်ခံခဲ့သည်။
Ref : AFP

Most Read

Most Recent