အိုပက်အဖွဲ့က ရေနံထုတ်လုပ်မှု လျှော့ချရန် သဘောတူညီခဲ့ပြီးနောက် ရေနံဈေးနှုန်း မြင့်တက်

အိုပက်အဖွဲ့က ရေနံထုတ်လုပ်မှု လျှော့ချရန် သဘောတူညီခဲ့ပြီးနောက် ရေနံဈေးနှုန်း မြင့်တက်
Published 29 September 2016

ပြိုင်ဘက် အီရန်ကို ကင်းလွတ်ခွင့်ပေးရန် ဆော်ဒီအာရေဗျက သဘောတူခဲ့ပြီးနောက် ရေနံထုတ်လုပ်ေ ရာင်းချသည့် နိုင်ငံများအဖွဲ့ အိုပက်သည် ရေနံထုတ်လုပ်မှု လျှော့ချရန် သဘောတူညီခဲ့သည်။ ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ထုတ်လုပ်မှုေ လျှာ့ချမည့် ကြေညာချက်ကြောင့် ရေနံဈေးနှုန်းသည် စက်တင်ဘာ ၂၈ ရက်က ခြောက်ရာခိုင်နှုန်းထိ မြင့်တက်သွားခဲ့သည်။ သို့သော်လည်း အိုပက်၏ ရေနံထုတ်လုပ်မှု လျှော့ချခြင်းက ဈေးကွက်အပေါ် ကာလရှည်ကြာစွာ သက်ရောက်ဖွယ် မရှိကြောင်း လေ့လာသုံးသပ်သူများက စက်တင်ဘာ ၂၉ ရက်တွင် သတိပေးခဲ့သည်။
၆ နာရီကြာ စေ့စပ်ညှိနှိုင်းခဲ့ပြီးနောက် သြဂုတ်လတွင် တစ်ရက်ရေနံစည် ၃၃ ဒသမ ၄၇ သန်း ထုတ်လုပ်ခဲ့ရာမှ တစ်ရက်လျှင် ရေနံစည် ၃၂ ဒသမ ၅ သန်းမှ ၃၃ သန်း အတွင်းသာ ထုတ်လုပ်တော့မည်ဟု အိုပက်က ကြေညာခဲ့သည်။ အယ်ဂျီးရီးယားတွင် ကျင်းပသော ရုရှားနှင့် ပုံမှန်မဟုတ်သော အစည်းအဝေးတွင် အိုပက်၏ ရေနံအများဆုံး ထုတ်လုပ်သည့် အဖွဲ့ဝင်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျက အီရန်နိုင်ငံ အနေဖြင့် ထုတ်လုပ်မှု လျှော့ချရန် သဘောတူညီချက်မှ ကင်းလွတ်ခွင့် ရမည်ဟု လိုက်လျောပေးခဲ့ခြင်းဖြစ်သည်။
အီရန်က ရေနံထုတ်လုပ်မှု လျှော့ချခြင်းကို မဆောင်ရွက်နိုင်ကြောင်း ငြင်းဆိုခဲ့မှုကြောင့် ဧပြီလက အိုပက်အစည်းအဝေးတွင် ထုတ်လုပ်မှု လျှော့ချရေး ဆော်ဒီဦးဆောင်သော ကြိုးပမ်းမှုသည် မအောင်မမြင် ဖြစ်ခဲ့ရသည်။
စက်တင်ဘာ ၂၉ ရက်၌ အမေရိကန် ရေနံဈေးနှုန်း အညွှန်ကိန်း WTI သည် ရေနံ တစ်စည် ၄၇ ဒသမ ၂၉ ဒေါ်လာ ရှိခဲ့ပြီး ဘဲရင့်ရေနံဈေးနှုန်း အညွှန်းကိန်းသည် တစ်စည်လျှင် ၄၈ ဒသမ ၉၁ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။
အဖွဲ့ဝင် ၁၄ နိုင်ငံရှိသော အိုပက်သည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ရာခိုင်နှုန်း ၄၀ ကို ထုတ်လုပ်နေပြီး လာမည့် နိုဝင်ဘာ ၃၀ ရက်တွင် ဗီယင်နာ၌ တစ်နှစ်နှစ်ကြိမ် အစည်း အဝေးကို ကျင်းပမည်ဖြစ်သည်။ အိုပက်၏ ချမ်းသာသော အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ပင်လယ်ကွေ့နိုင်ငံများက ရေနံထုတ်လုပ်မှု လျှော့ချခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ကဲ့သို့ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများက ဈေးကွက်ဝေစု တိုးမြှင့်ရရှိမည်ကို မလိုလားကြပေ။
ရေနံရောင်းလိုအား ပိုလျှံနေပြီး ဝယ်လိုအား ကျဆင်းနေချိန်၌ ထုတ်လုပ်မှု လျှော့ချရန် အိုပက်၏ ငြင်းဆန်မှုကြောင့် ရေနံဈေးနှုန်းသည် ၂၀၁၆ ခုနှစ် အစောပိုင်းက ဒေါ်လာ ၃၀ အောက်အထိပင် ရောက်ရှိခဲ့ပြီး ၁၃ နှစ်အတွင်း အနိမ့်ဆုံးနီးပါး ဖြစ်ခဲ့သည်။
Ref: AFP

Most Read

Most Recent