ဆမ်ဆောင်း အဝတ်လျှော်စက်များ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဟု တိုင်ကြားခံရ

ဆမ်ဆောင်း အဝတ်လျှော်စက်များ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဟု တိုင်ကြားခံရ
Photo: ABC news
Photo: ABC news
Published 29 September 2016

ဆမ်ဆောင်း၏ top-loading အဝတ်လျှော်စက်အချို့ ပေါက်ကွဲမှု ဖြစ်ကြောင်း သတင်းပေးတိုင်ကြားမှုများ ရှိခဲ့ပြီးနောက် ဆမ်ဆောင်းအဝတ်လျှော်စက်များနှင့် ပတ်သက်၍ အမေရိကန် လူသုံးကုန်ပစ္စည်း ဘေးကင်းရေး ကော်မရှင် Consumer Product Safety Commission (CPSC) က သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု ABC News က ဖော်ပြခဲ့သည်။
အဝတ်လျှော်စက်များနှင့် ပတ်သက်၍ “ဖြစ်နိုင်ခြေရှိသော ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စများ” အတွက် CPSC နှင့်တက်ကြွစွာ ဆွေးနွေးဆောင်ရွက်နေကြောင်း ဆမ်ဆောင်းက စက်တင်ဘာ ၂၈ တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဆမ်ဆောင်း၏ top-loading အဝတ်လျှော်စက် အချို့သည် အလွန်တုန်ခါပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်ခဲ့ကြောင်း သုံးစွဲသူ အချို့က တိုင်ကြားခဲ့သည်။
၂၀၁၁ ခုနှစ်မတ်လမှ ယခုနှစ် ဧပြီအတွင်း ထုတ်လုပ်သော အဝတ်လျှော်စက်များတွင် သက်ရောက်နိုင်ဖွယ်ရှိသော ဘေးကင်း လုံခြုံမှုဆိုင်ရာ ပြဿနာအား ပြင်ဆင်ရန် CPSC နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဆမ်ဆောင်းက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုပြဿနာနှင့် ကြုံနေရသော စားသုံးသူများ အနေဖြင့် အရှိန်ကို လျှော့သုံးသည့် lower speed delicate cycle နည်းအား အသုံးပြုကြရန် ဆမ်ဆောင်းက အကြံပြုခဲ့သည်။ Note 7 စမတ်ဖုန်းများ မီးလောင်မှုကြောင့် ဖုန်းများ သန်းနှင့်ချီ၍ ပြန်လည် ရုပ်သိမ်းနေရချိန်တွင် ဆမ်ဆောင်း အဝတ်လျှော်စက်များ ပေါက်ကွဲမှု ဖြစ်ပွားသည်ဟု တိုင်ကြားမှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
Ref: AFP

Most Read

Most Recent