မိဘသုံးဦး နည်းပညာဖြင့် ကမ္ဘာ့ပထမဆုံး ကလေးကို မွေးဖွားခဲ့

မိဘသုံးဦး နည်းပညာဖြင့် ကမ္ဘာ့ပထမဆုံး ကလေးကို မွေးဖွားခဲ့
Published 28 September 2016

အမေရိကန် သိပ္ပံပညာရှင်များသည် မိဘသုံးဦးထံမှ DNA ပါဝင်ရန် ဆောင်ရွက်ထားသည့် နည်းပညာဖြင့် မိဘသုံးဦးမှ မွေးဖွားသည့် ကမ္ဘာ့ပထမဆုံး ကလေးကို မွေးဖွားပေးခဲ့ကြောင်း New Scientist မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
မက္ကဆီကိုတွင် ဂျော်ဒန်မိဘသုံးဦးမှ မွေးဖွားသော ယောကျ်ားလေး တစ်ဦးကို လွန်ခဲ့သည့် ငါးလက မွေးဖွားခဲ့ကြောင်း ယင်းမဂ္ဂဇင်းက စက်တင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါကလေးငယ်၏ မိခင်သည်  အာရုံကြောစနစ် ဖောက်ပြန်သည့် Leigh Syndrome ကို ခံစားနေရပြီး ယခင်က မွေးဖွားခဲ့သောကလေး နှစ်ဦးစလုံးသည် အဆိုပါ ရောဂါဖြင့်ပင် သေဆုံးခဲ့ကြသည်။
ထို့ပြင် ယင်းမိခင်သည် ကိုယ်ဝန်ပျက်ကျမှု လေးကြိမ်ကိုလည်း ကြုံခဲ့ဖူးသည်။ ယင်းအမျိုးသမီးနှင့် သူ၏ ခင်ပွန်းတို့သည် မျိုးဗီဇအရ ၎င်းတို့နှင့် သွေးသားတော်စပ် သော်လည်း ရောဂါမျိုးဆက်ကူးမှုကို မကြုံနိုင်သည့် ကလေးတစ်ဦး မွေးဖွားရန်အတွက် နယူးယောက်စီးတီးရှိ New Hope Fertility Center မှ ဆရာဝန် ဂျွန်ကျန်၏ အကူအညီကို ရယူခဲ့ကြသည်။
အမေရိကန်တွင် မိဘသုံးဦး နည်းလမ်းဖြင့် သန္ဓေအောင်သည့် မွေးဖွားမှုကို ခွင့်ပြုမထားသောကြောင့် ဆရာဝန်ကျန်သည် မက္ကဆီကို၌ မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း New Scientist က ဆိုသည်။ မိခင်ဖြစ်သူ၏ မျိုးဥ အတွင်းသို့ လှူဒါန်းသူ တစ်ဦးထံမှ mitochondrial DNA ကို ထည့်သွင်းပြီး ဖခင်၏ မျိုးဥနှင့် သန္ဓေအောင်သည့် နည်းလမ်းကို ၁၉၉၀ ပြည့်လွန် နှစ်များကတည်းက စတင်ကြိုးပမ်း နေခဲ့ကြသည်။
Ref : AFP                                

Most Read

Most Recent