ပြန်ပေးဆွဲခံရသည်ဟု ဆော်ဒီလေယာဉ်မှူးက မှားယွင်းအချက်ပေးမှုကြောင့် မနီလာလေဆိပ်၌ လုံခြုံရေး အထိတ်တလန့်ဖြစ်ခဲ့

ပြန်ပေးဆွဲခံရသည်ဟု ဆော်ဒီလေယာဉ်မှူးက မှားယွင်းအချက်ပေးမှုကြောင့် မနီလာလေဆိပ်၌ လုံခြုံရေး အထိတ်တလန့်ဖြစ်ခဲ့
Published 20 September 2016
Ref:AFP

ဆော်ဒီအာရေဗျလေကြောင်းလိုင်း (Saudi Arabian Airlines) လေယာဉ်မှူးသည် အရေးပေါ် အချက်ပြခလုတ်ကို မှားယွင်းနှိပ်ခဲ့ပြီးနောက် ပြန်ပေးဆွဲခံရမှုအတွက် အထိတ်တလန့် ဖြစ်ခဲ့ကြပြီး လုံခြုံရေးတုံ့ပြန်ဆောင်ရွက်မှု လုပ်ခဲ့ရကြောင်း  ဖိလစ်ပိုင်အာဏာပိုင်များက စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
 
လေယာဉ်သည် ခြိမ်းခြောက်ခံနေရသည်ဟု လေယာဉ်မှူးက ထိန်းချုပ်ရေးတာဝါကို သတင်းပေးပို့ခဲ့ပြီး ဒေသစံတော်ချိန် သုံးနာရီခန့်တွင် ဆင်းသက်ခဲ့ပြီးနောက် ရဲများက လေယာဉ်ကို သီးသန့်ခွဲထားခဲ့ပြီး ဝိုင်းထားခဲ့သည်ဟု ဖိလစ်ပိုင်လေကြောင်း အာဏာပိုင်အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။
 
ဆော်ဒီအာရေဗျနိုင်ငံ Jeddah မှ ပျံသန်းလာသည့် ဘိုရင်း ၇၇၇ လေယာဉ်တွင် ခရီးသည် ၄၁၀ ဦး၊ လေယာဉ်မှူး လေးဦးနှင့် လေယာဉ်အမှုထမ်း ၁၇ ဦး ပါဝင်သည်ဟု လေဆိပ်အထွေထွေမန်နေဂျာ အက်ဒ်မွန်ရီးရဲက သတင်းထောက်များကို ပြောကြားခဲ့သည်။ ခရီးသည်အများစုသည် ဆော်ဒီအာရေဗျတွင် အစ္စလာမ္မစ်ဝတ်ပြုခရီးမှ ပြန်လာသူများ ဖြစ်သည်။ ခရီးသည်များသည် လေယာဉ်ပေါ်တွင် နှစ်နာရီနီးပါး ဆက်နေရန် ဖိအားပေး ခံခဲ့ရသော်လည်း လုံခြုံရေးခြိမ်းခြောက်မှုမရှိဟု အတည်ပြုခဲ့ပြီးနောက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် လေယာဉ်ပေါ်မှ ထွက်ခွာခွင့်ရရှိခဲ့သည်။
 
အခြေအနေသည် ပုံမှန်ဖြစ်ကြောင်း နှင့် လေယာဉ်မှူးသည်  လေယာဉ်၏ အရေးပေါ်မီးကို မတော်တဆနှိပ်မိခဲ့သည်ဟု မနီလာ ရဲအရာရှိချုပ်ကသတင်းထောက်များကို ပြောကြားခဲ့သည်။ 
 
လေယာဉ်သည်  ဆင်းသက်ရန် မိုင် ၂၀ ခန့်အလိုတွင် ခြိမ်းခြောက်ခံနေရသည်ဆိုသော သတင်းကို ထိန်းချုပ်တာဝါက လက်ခံရရှိခဲ့သည်ဟု မနီလာအပြည်ပြည်ဆိုင်ရာ လေကြောင်းအာဏာပိုင်အဖွဲ့မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 
အာဏာပိုင်များသည် လုံခြုံရေးလုပ်ငန်းစဉ်များကို ချက်ချင်း လုပ်ဆောင်ခဲ့သည်ဟု ပြည်တွင်းမီဒီယာအချို့က  ယင်းလေယာဉ်သည် ပြန်ပေးဆွဲခံရသည်ဟု Twitter တွင် ကနဦးက ဖော်ပြခဲ့သည်။

 
 

Most Read

Most Recent