လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ ဝင်ရောက်ရှာဖွေ သိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်ပါက ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရမည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေး

လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ ဝင်ရောက်ရှာဖွေ သိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်ပါက ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရမည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေး
Published 8 September 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ ဝင်ရောက်ရှာဖွေ သိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်ပါက ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရမည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ တင်သွင်းလူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ ဝင်ရောက်ရှာဖွေ သိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်ပါက ထောင်ဒဏ် ငါးနှစ်ထိ ချမှတ်ခံရမည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို စက်တင်ဘာ ၈ ရက်က ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည်။ဥပဒေကြမ်းတွင် အခန်းခြောက်ခန်း ပါဝင်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်အဖြစ် ပေါ်ထွန်းလာစေရန်၊ မည်သူမျှ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှုတို့ကို နစ်နာဆုံးရှုံးမှု မရှိစေရန်၊ နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥစ္စာ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဘဝလုံခြုံ မှုများ ရရှိရန်အတွက် ဤဥပဒေကြမ်းကို ရေးဆွဲတင်သွင်းရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ဦးကျော်စိုးလင်းက ပြောကြားသည်။ဥပဒေကြမ်း၏ အခန်း (၄) တားမြစ်ချက်များတွင် မည်သူမျှ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်း မပြုရဟု ထည့်သွင်း ရေးဆွဲထားသည်။ထို့အတူ မည်သူမျှ ဥပဒေနှင့်အညီ ခွင့်ပြုမိန့် တစ်စုံတစ်ရာမရရှိဘဲ နိုင်ငံသားတစ်ဦး၏ နေအိမ်၊ နေအိမ်အဖြစ် အသုံးပြုသောအခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်အတွင်း ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအား ဖမ်းဆီးခြင်း မပြုရ၊ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်း မပြု ရ၊ ပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦးအကြား ဆက်သွယ်ရေး ပစ္စည်းကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ် ဖမ်းယူနားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက်ပေးခြင်း မပြုရ၊ ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရောနစ် ဆက်သွယ်ရေး သတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်း မပြုရ၊ အခြားသူ၏ ပုဂ္ဂိုလ်ဆိုင်ရာကိစ္စအလို့ငှာ ဆက်သွယ်ပေးပို့သည့် စာပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ် တစ်ခုခုကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပြုရ၊ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာ ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရ၊ နိုင်ငံသားတစ်ဦး၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုသော် လည်းကောင်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုသော် လည်းကောင်း မတရားသိမ်းယူခြင်း မပြုရဟု ထည့်သွင်းရေးဆွဲထားသည်။တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်ဟု ပြစ်ဒဏ်များအခန်းတွင် ရေးဆွဲထားသည်။အလားတူ တားမြစ်ချက်များတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်၌ အတိအလင်းခွင့်ပြုထားခြင်း မရှိလျှင် မည်သူမျှ နိုင်ငံတော်သမ္မတ၏ ကြိုတင်ခွင့်ပြုမိန့် သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုမိန့် မရရှိဘဲ နိုင်ငံသားတစ်ဦးဦးအား လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ ဝင်ရောက်ရှာဖွေ သိမ်းဆည်းခြင်း သို့မဟုတ် ဖမ်းဆီးခြင်းမပြုရဟု ထည့်သွင်းရေးဆွဲထားပြီး မည်သည့်ရဲတပ်ဖွဲ့စခန်းမှူးမဆို ဤဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တိုင်တန်းချက်ကို လက်ခံရရှိလျှင်ဖြစ်စေ၊ သတင်းပေးချက်ကို လက်ခံရရှိလျှင် ဖြစ်စေ၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄ နှင့်အညီ ချက်ချင်း အရေးယူဆောင်ရွက်ပေးရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ် ၂၅ သိန်းအထိ ငွေဒဏ် ချမှတ်နိုင်သည်ဟု ပြစ်ဒဏ်များ၌ ထည့်သွင်းရေးဆွဲထားသည်။ထို့ပြင် မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်ခြင်း၊ တာဝန်ပေးခြင်း သို့မဟုတ် ပြစ်မှုတစ်ခုခု ကျူးလွန်ရာတွင် ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခြင်း ပြုလုပ်လျှင် ထိုသူအား ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ဟု ရေးဆွဲထားသည်။ဥပဒေကြမ်း၏ အခန်း (၆) အထွေထွေအခန်းတွင် တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သမျှ ဤဥပဒေအရသာလျှင် အရေးယူရမည်ဟုလည်း ထည့်သွင်းရေးဆွဲထားသည်။ဥပဒေကြမ်းအရ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည် တည်ဆဲဥပဒေင့်အညီမှတစ်ပါး မည်သူ့ကိုမျှ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရန် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးဦး၏ နေအိမ်အဖြစ် အသုံးပြုသောအခန်း၊ အဆောက်အအုံသို့မဟုတ် ပရဝဏ်အတွင်းသို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအား ဖမ်းဆီးခြင်း ပြုလုပ်လိုလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ရာအိမ်မှူး သို့မဟုတ် ဆယ်အိမ်မှူးဖြစ်စေ အနည်းဆုံး သက်သေနှစ်ဦးနှင့်အတူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပါရှိသည်။ထို့အတူ ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည် ဤဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားချက်ကို လက်ခံရရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိဌာနက အရေးယူဆောင်ရွက်ရမည့် ကိစ္စမဟုတ်ကြောင်း ပေါ်ပေါက်ပါက ကျိုးကြောင်းဖော်ပြ၍ တိုင်ကြားသူထံ ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားရမည့်အပြင် ယင်းပြန်ကြားစာ၌ မည်သည့်ဌာနအဖွဲ့အစည်းတွင် တိုင်ကြားသင့်ကြောင်း အကြံပြုချက် ပါရှိရမည်ဟု ဥပဒေကြမ်းတွင် ဖော်ပြ ထားသည်။    

Most Read

Most Recent