အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ၏ မတည်ငွေရင်း အနည်းဆုံး ကျပ်သန်း ၃၀၀ နှင့် ကျပ်သန်း ၁၀၀ သတ်မှတ်လိုက်ပြီး သတ်မှတ်ချက် ပြည့်မီရန် နှစ်နှစ်အတွင်း လုပ်ဆောင်ရမည်ဖြစ်ကာ မလုပ်ဆောင်နိုင်ပါက ပူးပေါင်းခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်းနှင့် လိုင်စင်အပ်နှံခြင်းများ ဆောင်ရွက်ရမည်ဟု သတိပေးအသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ မတည်ငွေရင်း တိုးမြှင့်လိုက်ပြီး အပ်ငွေလက်ခံသည့် အသေးစားငွေရေးကြေးရေး လုပ်ငန်းများ၏ မတည်ငွေကို ကျပ်သန်း ၃၀၀ သတ်မှတ်လိုက်ကာ အပ်ငွေလက်မခံသည့် အသေးစားငွေရေးကြေးရေး လုပ်ငန်းများ၏ အနည်းဆုံး မတည်ငွေရင်းကို ကျပ်သန်း ၁၀၀ သတ်မှတ်လိုက်ကြောင်းနှင့် နှစ်နှစ်အတွင်း အဆိုပါ ပမာဏများ ပြည့်မီအောင် မလုပ်ဆောင်နိုင်ပါက အခြားအသေးစား ငွေရေးကြေးရေး လုပ်ငန်းများနှင့် ပူးပေါင်းခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်းနှင့် လုပ်ကိုင်ခွင့် လိုင်စင်ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီက ညွှန်ကြားချက် အမှတ် ၄/၂၀၁၆ ဖြင့် သတိပေးချက် ထုတ်ပြန်လိုက်သည်။စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်ဝင်း လက်မှတ်ရေးထိုး ထုတ်ပြန်သည့် အဆိုပါ ညွှန်ကြားချက်တွင် အချက်သုံးချက်ဖြင့် ဖော်ပြထားပြီး အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသည် အသင်းဝင်များထံမှ စုဆောင်းငွေ လက်ခံခြင်းနှင့် အနည်းဆုံး ထည့်ဝင်ရမည့် မတည်ငွေရင်း သတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။အသေးစား ငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှု ကော်မတီ၏ ညွှန်ကြားချက်တွင် အသင်းသားများထံမှ စုဆောင်းငွေ လက်ခံခြင်းနှင့် ပတ်သက်ပြီး အသင်းသားများထံမှ မဖြစ်မနေ စုဆောင်းငွေကို ချေးငွေပမာဏ၏ ငါးရာခိုင်နှုန်းထက် မပိုစေဘဲ လက်ခံရန်နှင့် စုဆောင်းငွေအပေါ် အတိုးနှုန်းကို တစ်နှစ်လျင် ၁၅ ရာခိုင်နှုန်းထက်မနည်း ပေးရန်၊ ဆန္ဒအလျောက် စုဆောင်းငွေကို သတ်မှတ်ထားသော Solvency Ratio ထက် ကျော်လွန်မှု မရှိစေဘဲ လက်ခံဆောင်ရွက်ရန်နှင့် စုဆောင်းငွေအပေါ် ပေးသည့် အတိုးနှုန်းကို တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းထက် မနည်းစေရန်၊ အသင်းသား မဟုတ်သူများထံမှ အပ်ငွေ လက်မခံရန် ထုတ်ပြန်လိုက်သည်။ထို့ပြင် အပ်ငွေလက်ခံသော အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ အနေဖြင့် အနည်းဆုံး ထည့်ဝင်ရမည့် မတည်ငွေရင်း လက်ကျန် ကျပ်သန်း ၃၀၀ ရှိရန်နှင့် စုစုပေါင်း ပိုင်ဆိုင်မှု ကျပ်သန်း ၃၀၀ ထက်မနည်း ရှိရန်၊ မြန်မာနိုင်ငံတွင် အသေးစား ငွေရေးကြေးရေး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး သုံးနှစ်ရှိရန်၊ အနည်းဆုံး နှစ်နှစ်ဆက်တိုက် အမြတ်ရရှိရန်၊ ကောင်းမွန်စွာ လည်ပတ်သုံးစွဲနိုင်သည့် သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် ရှိရန်၊ အတွင်းထိန်းချုပ်မှု (Internal Control) ခိုင်မာတောင့်တင်းရန်နှင့် သတ်မှတ်စည်းကမ်းများကို ကောင်းမွန်စွာ လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။အပ်ငွေလက်ခံသည့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ အနေနှင့် အထက်ပါ အချက်အလက်များနှင့် မပြည့်စုံသေးပါက ပြည့်စုံရန် အနည်းဆုံး အချိန် နှစ်နှစ် ရရှိမည် ဖြစ်သည်။ ထိုသို့ သတ်မှတ်ချက်များ ဆောင်ရွက်ရာတွင် အခြား အသေးစား ငွေရေးကြေးရေး လုပ်ငန်းများနှင့် ပူးပေါင်းခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်း၊ အပ်ငွေ လက်မခံသည့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းအဖြစ် ပြောင်းလဲခြင်းနှင့် လုပ်ကိုင်ခွင့်လိုင်စင် ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီက ညွှန်ကြားချက်က သတိပေးသည်။ထို့ပြင် အပ်ငွေလက်မခံသည့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ၏ အနည်းဆုံး မတည်ငွေရင်းကို ကျပ်သန်း ၁၀၀ သတ်မှတ်လိုက်ပြီး နှစ်နှစ်အတွင်း ကျပ်သန်း ၁၀၀ ပြည့်မီအောင် မလုပ်ဆောင်နိုင်ပါက အခြားအသေးစား ငွေရေးကြေးရေး လုပ်ငန်းများနှင့် ပူးပေါင်းခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်းနှင့် လုပ်ကိုင်ခွင့်လိုင်စင် ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ညွှန်ကြားချက်က သတိပေးသည်။ထို့ပြင် အပ်ငွေလက်ခံသော အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းအဖြစ် ခွင့်ပြုထားသည့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသည် ယခု ထုတ်ပြန်သည့် ညွှန်ကြားချက်နှင့် ကိုက်ညီစေရန် အပ်ငွေ လက်ခံသည့် အဖွဲ့အစည်းအဖြစ် ဆက်လက် ဆောင်ရွက်လိုပါက ထပ်မံလျှောက်ထားရမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ၏ မတည်ငွေရင်း အနည်းဆုံး ကျပ်သန်း ၃၀၀ နှင့် ကျပ်သန်း ၁၀၀ သတ်မှတ်လိုက်ပြီး သတ်မှတ်ချက် ပြည့်မီရန် နှစ်နှစ်အတွင်း လုပ်ဆောင်ရမည်ဖြစ်ကာ မလုပ်ဆောင်နိုင်ပါက ပူးပေါင်းခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်းနှင့် လိုင်စင်အပ်နှံခြင်းများ . . .