၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရေး တပ်မတော် အနေဖြင့် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမည်

၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရေး တပ်မတော် အနေဖြင့် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမည်
ရန်ကုန်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိဗိမာန် ရှင်းလင်းဆောင်တွင် ဇူလိုင် ၂၀ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ရှင်းလင်းပြောကြားစဉ်
ရန်ကုန်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိဗိမာန် ရှင်းလင်းဆောင်တွင် ဇူလိုင် ၂၀ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ရှင်းလင်းပြောကြားစဉ်
Published 20 July 2016
သန်းဇော်ထွန်း

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအောင်မြင်ရေးအတွက် တပ်မတော် အနေဖြင့် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။ရန်ကုန်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိဗိမာန် ရှင်းလင်းဆောင်တွင် ဇူလိုင် ၂၀ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။“၂၁ ရာစု ပင်လုံညီလာခံမှာ တပ်မတော်ရဲ့ သဘောထားနဲ့ ပတ်သက်ပြီးတော့ မိုင်ဂျာယန် အစည်းအဝေးနဲ့ ပတ်သက်တဲ့ ကိစ္စကို ရှင်းလင်း တင်ပြထားတာ ရှိပါတယ်။ ဒါကတော့ တပ်မတော်ရဲ့ သဘောထားလည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အနှစ်ချုပ်ကို ရှင်းလင်း တင်ပြရမယ်ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာဟာ NCA အပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အစစ်ဆိုပြီးတော့ပဲ ယုံကြည်မှု ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက ပင်လုံညီလာခံသည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ အတူတူပဲ ဖြစ်ပါတယ်ဆိုတဲ့ စကားလေး ပြောထားတဲ့ အတွက်ကြောင့်။ ဒီဟာကို သွားတဲ့အခါ ကျွန်တော်တို့ အောင်မြင်အောင်လုပ်ဖို့ပဲ ရှိပါတယ်။ ကျွန်တော်တို့ တပ်မတော် အနေနဲ့ အကောင်းဆုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်း ကျွန်တော့်အနေနဲ့ ရှင်းလင်း တင်ပြလိုပါတယ်။ ဒါက တပ်မတော်ရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သေနတ်တစ်ချက်မှ မဖောက်ဘဲ ငြိမ်းချမ်းရေး အကြွင်းမဲ့ ရရှိမှာလားဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ သေနတ် မဖောက်ချင်တဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေး လုပ်ဆောင်နေတာပါ” ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံကို သြဂုတ်လအတွင်း နောက်ဆုံးထား ကျင်းပနိုင်ရန် အစိုးရက စီစဉ်လျက် ရှိသည်။“NCA အပေါ်မှာ အခြေခံတဲ့ ပြည်ထောင်စုညီလာခံအစစ် ဖြစ်မယ်ဆိုပြီးတော့ ကျွန်တော်တို့  ခံယူချက် ရှိပါတယ်။ ယုံကြည်ထားပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့လည်း ကျွန်တော်တို့ ၂၇ ရက် ငါးလပိုင်းတုန်းက ဆွေးနွေးကြတဲ့ အခါမှာလည်း ၂၁ ရာစု ပင်လုံညီလာခံသည် ပြည်ထောင်စုညီလာခံနဲ့ အတူတူပဲ ဆိုပြီးတော့ သူပြောခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က ဒီအတိုင်းပဲ ခံယူထားပါတယ်။ နောက်တစ်ခုကတော့ ဒီလက်မှတ် မထိုးရသေးတဲ့ အဖွဲ့အစည်း သုံးဖွဲ့ AA ရယ်၊ TNLA ရယ်၊ MNDAA အဖွဲ့ရယ် ဒီအဖွဲ့သုံးဖွဲ့နဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထား။ ဒါလည်း ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သတင်းစာ ရှင်းလင်းပွဲမှာ ကျွန်တော်တို့ ရှင်းလင်း တင်ပြခဲ့ပြီးပါပြီ။ အဓိက ကတော့ ဒီအဖွဲ့ သုံးဖွဲ့ အနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်မယ်ဆိုတဲ့ ဆန္ဒအပြည့်အ၀ ရှိဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေးက ဘာမှ အကြောင်းမထူးစရာ မရှိပါဘူး” ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

Most Read

Most Recent