မင်္ဂလာဈေး မီးလောင်သည့် အကြောင်းရင်းအား တစ်လကျော်ြ ကာသည်အထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးချိန်တွင် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးမှ မီးရှို့ရန် စေခိုင်းသည်ဟု အင်တာနက် စာမျက်နှာ၌ ပျံ့နှံ့နေကြောင်း သတင်းရရှိသည်။Khin T Lwin နာမည်ဖြင့် သုံးစွဲသော Facebook စာမျက်နှာတွင် မင်္ဂလာဈေး မီးလောင်သည့် အကြောင်းရင်းမှာ ရှို့မီးဖြစ်ကြောင်း၊ မီးရှို့ရန် စေခိုင်းသူမှာ စည်ပင်သာယာရေး ကော်မတီမှ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းဖြစ်ကြောင်း၊ ၎င်း၏ ခိုင်းစေချက်အရ ဈေးဌာနခွဲမှူး ပါဝင်သော အဖွဲ့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မင်္ဂလာဈေး မီးမြန်မြန်လောင်ရန် ဆောင်ရွက်နိုင်ပါက တိုက်ခန်း တစ်ခန်းစီ ပေးမည်ဖြစ်ကြောင်း၊ NLD ကို ဒုက္ခပေးရမည်ဖြစ်ကြောင်း စသည်တို့ကို ရေးသားထားကြောင်း တွေ့ရသည်။အဆိုပါ သတင်းများ ထွက်ပေါ်နေသည်နှင့် ပတ်သက်၍ ရေးသားခံရသူ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းအား မေးမြန်းခဲ့ရာ “အင်တာနက်မှာ ပျံ့နှံ့နေတဲ့ အကြောင်းတွေ ကျွန်တော်လည်း သိရပါတယ်။ ကျွန်တော်တို့ဟာ ဝန်ထမ်းတွေပါ။ ဒီအစိုးရပဲ တက်တက် နောက်အစိုးရပဲ တက်တက် သူတို့ ချထားပေးတဲ့ လမ်းကြောင်းအတိုင်း၊ ဥပဒေ အတိုင်း ဆောင်ရွက် လုပ်ကိုင်ရတာပါ။ အာဏာရှိသူ မဟုတ်ပါဘူး။ အဲဒီတော့ ဟိုဘက် အစိုးရတုန်းကလည်း လုပ်ကိုင်ခဲ့တယ်။ ဒီဘက် အစိုးရကျတော့လည်း ပူးပေါင်း လုပ်ဆောင်လို့ အဆင်ပြေနေတာကို မနာလိုလို့ အပုပ်ချ ရေးသားတာပါ။ တကယ် မှန်ကန်တယ် ဆိုရင် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားနိုင်ပါတယ်။ အဲလို မလုပ်ဘဲ Facebook စာမျက်နှာမှာ ရေးသားတာကို အမှုဖွင့်ဖို့ကတော့ စဉ်းစားနေတုန်းပဲ။ ကျွန်တော်တို့ ဝန်ထမ်းတွေ အနေနဲ့ကတော့ ဘယ်အစိုးရပဲ တက်တက် သူတို့ မူဝါဒ လမ်းစဉ်အတိုင်း ဆောင်ရွက်ရမှာပါ” ဟု ပြောကြားသည်။မတ် ၂၂ ရက် ညနေ ၆ နာရီက စတင် လောင်ကျွမ်းခဲ့သော မင်္ဂလာဈေးမီးကြောင့် ရုံးခန်း တစ်ခန်း၊ အရောင်းပြခန်း ငါးခန်း၊ အထည်ဆိုင်ခန်း ၂၆၃ ခန်း၊ လူနေတိုက်ခန်း ၂၈ ခန်း၊ စုစုပေါင်း ၂၉၇ ခန်း ပျက်စီး ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးကို ညနေ ၄ နာရီအထိ မီးသတ်ဦးစီးဌာန အနေဖြင့် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ညနေ ၆ နာရီမှ စတင် လောင်ကျွမ်းခဲ့သော မီးသည် ည ၈ နာရီ ကျော်သည်အထိ ပြင်းထန်စွာ လောင်ကျွမ်းနေခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မီးသတ်နှင့် လူကိုးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မင်္ဂလာဈေး မီးလောင်သည့် အကြောင်းရင်းအား ဌာနပေါင်းစုံ ပါဝင်သော စုံစမ်း စိစစ်ရေး အဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့သော်လည်း မီးစတင်လောင်သည့် နေရာသာ သိရှိရပြီး မီးလောင်သည့် အကြောင်းရင်းကို ထုတ်ပြန်နိုင်ခြင်း မရှိပေ။
မန္တလေး မင်္ဂလာဈေး မီးလောင်သည့် အကြောင်းရင်းကို တစ်လကျော်သည် အထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးချိန်တွင် စည်ပင်သာယာ တာဝန်ရှိသူ တစ်ဦးက မီးရှို့ရန် ခိုင်းစေသည်ဟု အင်တာနက် စာမျက်နှာ၌ ပျံ့နှံ့