နိုင်ငံခြားသားများ ဝယ်ယူနိုင်ရန် ကွန်ဒိုမီနီယံဥပဒေ ပြဋ္ဌာန်းလိုက်သော်လည်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားသား အများစုမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူရန် မတတ်နိုင်သူ များပြားနေသဖြင့် သာမန်တိုက်ခန်းများတွင်သာ နေထိုင်နေကြကာ လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ ရပ်ဆိုင်းလု အခြေအနေ ဖြစ်ပေါ်နေကြောင်း တော်ဝင်ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။
"ကွန်ဒိုမီနီယံဥပဒေ ထုတ်ပေးလိုက်တယ်။ ကွန်ဒိုဥပဒေနဲ့ အကျုံးဝင်တဲ့ အဆောက်အအုံ ဘယ်နှခုရှိလဲ။ ကွန်ဒိုရှိပြန်တော့လည်း လာတဲ့ နိုင်ငံခြားသားက မဝယ်နိုင်တဲ့သူတွေ ဖြစ်နေတယ်။ သွားကြည့်လေ၊ ရပ်ကွက်တွေထဲမှာ တစ်ပုံကြီးပဲ။ ကျွန်တော့် မုဒိတာ တန်ဖိုးနည်း တိုက်ခန်းမှာလည်း တစ်ပုံကြီးပဲ။ သူတို့ဝယ်နိုင်အောင် လုပ်ပေးနိုင်ရင် ဒီလုပ်ငန်းက ဖွံ့ဖြိုးလာမယ်။ အဲဒါဆိုရင် ကျွန်တော်တို့ အိမ်ခြံမြေ ဈေးကွက်ကြီးက ဝယ်မယ့် နိုင်ငံခြားသား ရှိတယ်။ ဆင်းရဲတဲ့သူတွေ ရှိမယ်။ ပိုက်ဆံသုံးနိုင်တဲ့သူလည်း ရှိလာမယ်။ အငှားအိမ်ရာတွေ အကောင်အထည် ဖော်လာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ တက်လာမယ်။ အဲဒါတွေ အကောင်အထည် ဖော်ပေးနိုင်တာက အစိုးရပဲ" ဟု ဦးကိုကိုထွေးက ဆိုသည်။
စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်တွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် အဆိုပါ ဥပဒေအား ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ (Comdominium Law) တွင် စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်မည့် မြေဧရိယာသည် အနည်းဆုံး စတုရန်းပေ ၂၀၀၀၀ နှင့်အထက် ရှိရမည့်အချက် အပါအဝင် နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်အဖြစ် ရာခိုင်နှုန်း ၄၀ ရှိမည့် အချက်များ ပါဝင်ခဲ့သည်။
စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ အတည်ပြုခဲ့သည့်အတွက် ယခင်က စံချိန်စံညွှန်းများနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများအား မယုံကြည်မှုများ အထိုက်အလျောက် လျော့နည်းစေနိုင်မည် ဟုလည်း သုံးသပ်မှုများ ရှိခဲ့သည်။ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း ထွက်ပေါ်လာပါက နိုင်ငံခြားသားများ ဝယ်ယူခွင့် ပါဝင်လာသဖြင့် ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ်မှာ ပိုမိုဖြစ် ထွန်းလာမည်ဟုလည်း အိမ်ခြံမြေဆိုင်ရာ အကျိုးဆောင်များက ခန့်မှန်းထားကြသည်။ ထိုသို့ခန့်မှန်း ထားခဲ့သော်လည်း လက်ရှိအချိန်တွင် ကွန်ဒိုမီနီယံဥပဒေသာ အတည်ပြုခဲ့မှု လေးလခန့် ရှိလာသော်လည်း ကွန်ဒို အပါအဝင် အိမ်ခြံမြေ အရောင်းအဝယ်များမှာ သိသာစွာ မြင့်တက်လာမှု မရှိဘဲ အရောင်းအဝယ် ရပ်ဆိုင်းလု အခြေအနေအထိ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
လက်ရှိ အခြေအနေတွင် အိမ်ခြံမြေဈေးကွက် ကျဆင်းနေရခြင်းမှာ တက်လာသည့် အစိုးရက ဆင်းရဲသားများနှင့် လူလတ်တန်းစားများအကြား ဝယ်ယူနေထိုင်နိုင်မည့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးမည်ဆိုသည့် မျှော်လင့်ချက်က အဓိကဖြစ်နေသည်ဟု ယုံကြည်ကြောင်းနှင့် ကွန်ဒိုမီနီယံဥပဒေသာ အသက်ဝင်လာပါက နိုင်ငံခြားသားများ ဝယ်ယူလာကြမည်ဟု မျှော်လင့်ကြောင်းနှင့် လက်ရှိအခြေအနေတွင် နိုင်ငံခြားသားများက ကွန်ဒိုတိုက်ခန်းများ ဝယ်ယူရန် မေးမြန်းမှုများ ရှိလာနေပြီ ဖြစ်ကြောင်း ပြည်တွင်း အွန်လိုင်း အိမ်ခြံမြေဝက်ဘ်ဆိုတ် ဖြစ်သည့် iMyanmarHouse.com မှ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။
"ကွန်ဒိုဥပဒေအရဆိုရင် အခန်းပေါင်း ၁၀၀ ရှိတဲ့ ကွန်ဒိုကနေ အခန်း ၄၀ ကို နိုင်ငံခြားသားတွေကို ရောင်းချခွင့် ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာဆို ဆယ်စုနှစ်များစွာ နေလာတဲ့ နိုင်ငံခြားသားတွေ အများကြီး ရှိပါတယ်။ အဲ့လိုလူတွေက ကွန်ဒိုမီနီယံတွေမှာ ဝယ်ယူမြှုပ်နှံချင်သူတွေ ရှိနေပါပြီ။ အဲ့လိုလူတွေက အခုဆိုရင် ကွန်ဒိုမီနီယံကို ဘယ်လို ဝယ်ရမယ်ဆိုတာ၊ ဘယ်လို အချက်တွေကို ကြည့်လို့ရမလဲဆိုတာ စုံစမ်းနေပါပြီ။ အဲ့ဒီကွန်ဒိုဥပဒေသာ အသက်ဝင်လာရင် နိုင်ငံခြားသားတွေကလည်း ကွန်ဒိုတွေ ဝယ်ယူလာနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဦးနေမင်းသူက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကွန်ဒိုဟု အမည်ခံထားသည့် တိုက်ခန်းများမှာ ကျပ်သိန်း ၁၀၀၀ ခန့်မှ ကျပ်သိန်း ၆၀၀၀ ခန့် အကြားတွင် ဈေးနှုန်းရှိနေပြီး နေရာအချက်အချာ ကျမှုနှင့် ပါဝင်သည့် ဝန်ဆောင်မှုများ၊ ပါဝင်သည့်အခန်း အရေအတွက်နှင့် အကျယ်အဝန်းအလိုက် ဈေးနှုန်းကွာခြားမှု ရှိနေကြောင်း iMyanmarHouse.com မှ သိရသည်။
နိုင်ငံခြားသား ဝယ်ယူနိုင်ရန် ကွန်ဒိုဥပဒေ ပြဋ္ဌာန်းလိုက်သော်လည်း ဝင်ရောက်လာသည့် နိုင်ငံခြားသား အများစုမှာ ဝယ်ယူရန် မတတ်နိုင်သူများသဖြင့် သာမန်တိုက်ခန်းများတွင် နေထိုင်ကြပြီး အိမ်ခြံမြေဈေးကွက်မှာ ရပ်ဆိုင်းလု အခြေအနေ ဖြစ်ပေါ်နေ