ယနေ့(မေ ၃ ရက်)တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ပြည်သူ့လွှတ်တော်ရှိ ကော်မတီအသီးသီးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား ပြောင်းလဲအစားထိုးဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။ထိုသို့ ပြင်ဆင်အစားထိုးဖွဲ့စည်းရာတွင် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အတွင်းရေးမှူး ဒေါ်ခင်စန်းလှိုင် ပုလဲမဲဆန္ဒနယ်အား ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ လစ်လပ်သွားသော အတွင်းရေးမှူးနေရာတွင် ဦးတင်ထွန်းနိုင် ဆိတ်ကြီးခင်နောင်တို မဲဆန္ဒနယ်အားလည်းကောင်း ပြောင်းလဲအစားထိုး ဖွဲ့စည်းခဲ့ပါသည်။ထို့ပြင် ဥပဒေကြမ်းကော်မတီမှ လစ်လပ်နေသော အဖွဲ့ဝင်နေရာတွင် ဒေါ်မာမာခိုင် သထုံမဲဆန္ဒနယ်အား လည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီမှ လစ်လပ်နေသော အဖွဲ့ဝင်နေရာတွင် ဒေါက်တာ ဒေါ်ရွှေပုံ ပဲခူးမဲဆန္ဒနယ်အားလည်းကောင်း၊ လွှတ်တော်အခွင့်အရေးကော်မတီမှ လစ်လပ်နေသော အဖွဲ့ဝင်နေရာတွင် ဒေါက်တာ ဦးစောနိုင် တောင်ဥက္ကလာပမဲဆန္ဒနယ်အားလည်းကောင်း အစားထိုးဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။ဆက်လက်၍ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းမှု ဖော်ဆောင်ရေးကော်မတီမှ အဖွဲ့ဝင် ဦးစိုးဌေး ကော့ကရိတ်မဲဆန္ဒနယ်အစား ဦးစောဗစ်တာခလိုက် သံတောင်ကြီး မဲဆန္ဒနယ်အား ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ယင်းသို့ ကော်မတီများ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား ပြောင်းလဲအစားထိုးဖွဲ့စည်းခြင်းအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာတွင် လွှတ်တော်မှ သဘောတူသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်းvကြေညာခဲ့ပါသည်။
ပြည်သူ့လွှတ်တော်ရှိ ကော်မတီအသီးသီးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား ပြောင်းလဲအစားထိုး ဖွဲ့စည်း















