မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဦးစားပေး ကဏ္ဍများအဖြစ် လုပ်သား ဦးစားပေး စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး အခြေခံ စက်မှုလုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများကို သတ်မှတ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့၏ ချမှတ်ထားသော မူဝါဒများအရ သိရသည်။မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် လုပ်သားဦးစားပေး နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများကို ပိုမို ဖိတ်ခေါ်လျက် ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး အခြေခံ နိုင်ငံ တစ်နိုင်ငံ ဖြစ်ခြင်းကြောင့် စိုက်ပျိုးမြေများ ဆက်လက် ချဲ့ထွင်ရေးနှင့် သီးနှံ ထုတ်လုပ်မှု တိုးတက်ရေးအတွက် အားပေးဆောင်ရွက်လျက် ရှိရာ ဆက်စပ် လုပ်ငန်းများဖြစ်သည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ သီးနှံနှင့် မျိုးစေ့သန့်စင်ခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ စက်ကိရိယာများ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် စိုက်ပျိုးရေး ကုန်ကြမ်းမှ ကုန်ချော ထုတ်လုပ်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။အခြေခံ အဆောက်အအုံများ နိုင်ငံတကာ အဆင့်မီရေးသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သုံးသပ်ထားသည်။ လက်ရှိတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ နှစ်ခုလုံးတွင် အခြေခံ အဆောက်အအုံ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု များစွာ လိုအပ်နေပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုမှ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှုနှင့် အခြားသော လုပ်ငန်းများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဟု မျှော်မှန်းထားသည်။ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်နေမှုကို အကျိုးအမြတ် ရရှိစေနိုင်သည့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်များကို ပိုမို မြှင့်တင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များ တွက်ချက်ဖော်ထုတ်ရန်၊ ရင်းနှီးမြှုပ်နှံမှုအတွက် မြေနေရာနှင့် မတည်ငွေရင်းအား ရှာဖွေရန်၊ ရင်းနှီးမြှုပ်နှံသူများ အကြား နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးရန်၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေး ဆောင်ရွက်ရန် စသည့် မူဝါဒများ ချမှတ်ထားသည်။မြန်မာနိုင်ငံတွင် အလားအလာ အကောင်းဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအဖြစ် လယ်ယာစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၊ ပင်လယ်ရေထွက်နှင့် သားငါးထုတ်လုပ်မှု လုပ်ငန်းများ၊ မြို့ပြ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ သစ်အခြေခံ စက်မှုကုန်ထုတ် လုပ်ငန်းများ၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့ သယံဇာတ ထုတ်လုပ်မှု လုပ်ငန်းများကို သတ်မှတ်ထားသည်။ပြီးခဲ့သည့် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၆၃ ဒသမ ၇၁၈ ဘီလျံ ဝင်ရောက်ရန် ခွင့်ပြုထားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အများဆုံး ကဏ္ဍများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ ဆက်သွယ်ရေး၊ သတ္တုတူးဖော်မှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတို့ ဖြစ်သည်။မြန်မာနိုင်ငံ၏ အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု နှစ် ၂၀ စီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ တိုးတက်မှုနှုန်း လျင်မြန်စွာ ဝင်ရောက်လာရန် မဟာဗျူဟာများ ရေးဆွဲထားပြီး ၂၀၁၇ မှ ၂၀၂၀ ပြည့်နှစ်အထိ ပျမ်းမျှနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နှုန်းကို အမေရိကန်ဒေါ်လာ ၆ ဘီလျံ၊ ၈ ဘီလျံအထိ ရှိရန် ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဦးစားပေး ကဏ္ဍများအဖြစ် လုပ်သား ဦးစားပေး စက်မှု လုပ်ငန်းများ၊ လယ်ယာ စိုက်ပျိုးရေး အခြေခံ စက်မှု လုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများကို သတ်မှတ်ထား