၅၄ လအတွင်း ကားစီးရေ ၅၃၆၁၀၀ ကျော် တင်သွင်းခဲ့ပြီး အကောက်ခွန် ကျပ် ၇၅၃ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၆၅၆ ဘီလျံကျော် ရရှိ

၅၄ လအတွင်း ကားစီးရေ ၅၃၆၁၀၀ ကျော် တင်သွင်းခဲ့ပြီး အကောက်ခွန် ကျပ် ၇၅၃ ဘီလျံကျော်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၆၅၆ ဘီလျံကျော် ရရှိ
Published 27 April 2016

၅၄ လတာအတွင်း ကားစီးရေ ၅၃၆၁၀၀ ကျော် တင်သွင်းခဲ့ပြီး အခွန် စုစုပေါင်း ကျပ်  ၁၄၁၀ ဘီလျံကျော် ရရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် စတင်ခဲ့သည့် မော်တော်ယာဉ် အစားထိုး စီမံချက် အပါအဝင် ပြည်ပမှ တင်သွင်းလာသော မော်တော်တော်ယာဉ်များကို အခွန်စည်းကြပ် ကောက်ခံခဲ့ခြင်းဖြစ်ပြီး ထုတ်ပေးပြီးဖြစ်သည့် ယာဉ်စီးရေမှာ စုစုပေါင်း ၅၃၆၁၄၄ စီးဖြစ်သည်။    အဆိုပါ မော်တော်ယာဉ်များ တင်သွင်းမှုမှ နိုင်ငံတော်အခွန် ဘဏ္ဍာငွေအဖြစ် အကောက်ခွန် (ဃီ) ကျပ် ၇၅၃၆၁၅ ဒသမ ၄၈ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် (CD) ၆၅၆၉၉၆ ဒသမ ၇၆ သန်း စုစုပေါင်း ကျပ် ၁၄၁၀၆၁၂ ဒသမ ၂၄ သန်း ကောက်ခံရရှိခဲ့ခြင်းဖြစ်သည်။ကျသင့် အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ စည်းကြပ်ကောက်ခံခဲ့သည့် မော်တော်ယာဉ်များအနက် ယာဉ်အိုယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက်အတွက် ၁၃၆၉၆၀ စီး၊ ကားအရောင်းပြခန်းများအတွက် ၁၁၈၃၇၈ စီး၊ သင်္ဘောသားပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပါမစ်ဖြင့် ၂၈၆ စီး၊ ကုမ္ပဏီ ပါမစ်ဖြင့် ၇၃၀ စီး၊ ပြည်ပနေ အလုပ်လုပ်ကိုင်သူများ ပါမစ်ဖြင့် ၄၃ စီး၊ ဟိုတယ်/ခရီးဝန်ကြီးဌာန ပါမစ်ဖြင့် ၁၉၉၇ စီး၊ စစ်သံ အမှုထမ်းပါမစ်ဖြင့် ၁၀၈ စီးနှင့် လွတ်လပ်စွာ ဝယ်ယူသူပါမစ်ဖြင့် ၂၇၄၈၂၄ စီး ပါဝင်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီ လကုန်အထိ တရားဝင် မှတ်ပုံတင်ထားသော မော်တော်ကားစီးရေ ၇၇၂၇၈၈ စီး၊ မော်တော်ဆိုင်ကယ် ၄၅၃၆၅၇၀ စီး၊ သုံးဘီးဆိုင်ကယ် ၇၃၆၁၁ စီးရှိပြီး ကညနတွင် မှတ်ပုံတင်ပြီးမှသာ အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် မောင်းနှင်ခွင့် ရှိခြင်းဖြစ်ကြောင်း သိရသည်။