၂၁ ရာစု ပင်လုံညီလာခံကို လပိုင်းအတွင်း ကျင်းပနိုင်ရန် JMC-U နှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၂၁ ရာစု ပင်လုံညီလာခံကို လပိုင်းအတွင်း ကျင်းပနိုင်ရန် JMC-U နှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 27 April 2016

 
၂၁ ရာစု ပင်လုံညီလာခံကို လာမည့် တစ်လ နှစ်လ အတွင်း ကျင်းပနိုင်ရန်  ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခတ်မှုရပ်ဆဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U )နှင့် ယနေ့(ဧပြီ ၂၇ ရက်) တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်းသိရသည်။
 
"ကျွန်မတို့ကတော့ ဒီခေတ်ဒီအခါနဲ့ဆီလျော်အောင်၂၁ ရာစုရဲ့ပင်လုံညီလာခံကြီးကျင်းပနိုင်ဖို့အတွက် ကျွန်မက အချိန်မဆွဲချင်ဘူး။ ၁ လ၊ ၂ လ အတွင်းမှာ ကျင်းပနိုင်ဖို့ ဒီအခြေနေတွေကို ပြီးမြောက်စေချင်တယ်။ ဒီတော့ ၁ လ၊ ၂ လ လောက်မှာ စပြီးတော့ ငြိမ်းချမ်းရေးညီလာခံ လုပ်နိုင်ဖို့ ကြိုးစားစေချင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါသည်။
 
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)တို့သည် ယနေ့(ဧပြီလ ၂၇ ရက်) မွန်းလွဲက နေပြည်တော်ရှိ Horizon Lake View Hotel တွင် တွေ့ဆုံဆွေးနွေးနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

Most Read

Most Recent